Ep{14}

606 78 14
                                    

Unicode 🖇️🖇️

အရူံးနဲ့အနိုင် တိုက်နေကြတဲ့ ပြိုင်ပွဲတစ်ခုမှာ အရူံးဆိုတာ ပြိုင်ပွဲဝင်တိုင်းရဲ့ မလိုချင်တဲ့ အရာတစ်ခု အနိုင်ရဖို့ကြိုးစားနေကြတဲ့ လူတိုင်းဟာအရူံးဆိုတဲ့နာမ်စားကို သဘောမတွေ့ကြသလို မနှစ်မြို့စရာတစ်ခု့လို့လဲ မှတ်ယူထားကြတယ်သည်လိုပါဘဲ အချစ်နဲ့အမုန်းကစားပွဲတစ်ခုမှာ ချစ်နေတဲ့ သူရယ် ချစ်ခြင်းခံရတဲ့သူရယ် တဖတ်သက်ခံစားနေရတဲ့ သူတွေရှိပြီဆို သေချာတယ် အဲ့ကစားပွဲရဲ့ အဆုံးသတ်က မလှပနိုင်ဘူးဆ်ိုတာ
ချစ်နေတဲ့သူက ချစ်ပေးတယ် ချစ်ခြင်းကိုခံရတဲ့သူကလဲ အဲ့အချစ်ကို လိုလိုလားလားနဲ့ တုန့်ပြန်တယ် တဖတ်သက်ခံစားနေရတဲ့သူကလဲ ချစ်ခြင်းခံရတဲ့လူသားကို ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့ ဒီကြိုးဝိုင်းကြီးက ထင်မှတ်မထားတဲ့အရာတွေနဲ့ လည်ပတ်နေတယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားတစ်ခုသာဖြစ်သည်။

                °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ချစ်နေတဲ့သူက ချစ်ပေးတယ် အချစ်ခံရတဲ့သူက ပြန်ချစ်တယ် တဖတ်သက်ခံစားနေရတဲ့သူက အလိမ်ညာတွေကိုဆက်ယုံပြီး ချစ်ပေးတယ် ဒါဆို သည်ဇာတ်လမ်းရဲ့အဓိက ဗီလိန်ဟာမည်သူပါလဲ...... မင်းကလိမ်တယ် ကိုယ်ကယုံတယ် မင်းကသူ့ကိုချစ်တယ် ကိုယ်ကမင်းမှမင်း မင်းကသူ့ကိုရွေးချယ်တယ် ကိုယ်က မင်းကိုဘဲဉီးတည်ထားခဲ့တယ် မင်းသူ့ကို အရာအားလုံးပုံအပ်တယ် ကိုယ်ကမင်းကိုအရာအားလုံးရဲ့အရှင်သခင်လို့ သတ်မှတ်ထားတယ် ဒါဆိုဘာက ခက်ခဲစေတာလဲ ကလေးငယ် ...မင်းကို ကိုယ်မပိုင်ဆိုင်ရရင် ဘယ်သူမှမပိုင်ဆိုင်စေရဘူး ဂျောင်ကု မင်းကကိုယ့်ရဲ့ ကလေးငယ်လေးအဖြစ် အလိမ်အညာတွေနဲ့ဆက်ရှိနေပေးပါ ...

                   °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သိလိုက်ရတဲ့ အကြောင်းအရာတွေက ကိုယ်နဲ့သူ့ကို ဟိုးအဝေးဆုံးရောက်အောင် ဖန်တီးလိုက်တဲ့ အရာတွေပင် ရူးလောက်အောင်ချစ်ရတဲ့ သူ့ကို အပိုင်ရယူဖို့ ယတိပြတ် ဆုံးဖြတ်ချတ်ကိုခိုင်ခိုင်မာမာ ချထားပြီးသော်လည်း ချစ်ရသူကို နာကြင်စေဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ချစ်လျှက်နဲ့သာ နာနာကြင်ကြင်နောက်ဆုပ်ပေးဖို့ ဖြစ်လာခဲ့ပြီလေ..... သူ့ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ မိုက်မဲခဲ့တဲ့ သူကိုယ်တိုင်ဟာ အသက်ထက်မကချစ်ရတဲ့သူ့ကိုနာကြင်စေဖို့ မရည်ရွယ်တာကြောင့် မင်းနာကြင်ရမဲ့ ဒီဖြစ်ရပ်တွေကို ရင်နာစွာနဲ့ ကိုယ်နောက်ဆုပ်ပါတယ် ချစ်သူ...မောင်မင်းကိုချစ်တယ်ဂျွန် ..ရူးလောက်အောင်ချစ်တယ်..သေလောက်တဲ့ထိချစ်နေမိတာမို့  မင်းနာကြင်ရမဲ့ ကိုယ့်အပြစ်တွေကို ဖုံးကွယ်ရင်းမင်းရဲ့အဝေးဆုံးကိုမောင်ထွက်သွားမယ်ဂျွန် ...ချစ်လျှက်နဲ့ မင်းကိုမောင်ထားခဲ့မယ်ဂျွန်ရယ်...

ERRANTWhere stories live. Discover now