Unicode 🖇️🖇️
ဘဝဆိုတဲ့ တွေ့မြင်သိကြား နေရတဲ့ လက်တွေ့အရာကြီးမှာ သင်ယူတက်မြောက်သမျှအရာတွေသာ အချိန်တန်လို့ တက်မြောက်ချင်တက်မြောက်သွားမယ် သင်ယူလို့ သာရချင်ရသွားလိမ့်မယ် သို့သော်ကား သင်ကြားဖို့မလွယ်တက်မြောက် ဖို့ ခတ်ခဲတဲ့ အရာကြီးတစ်ခုကတော့ ဟော့ဒီ့ကမ္ဘာကြီးပေါ်မှာရှင်သန်နေထိုင်ကြတဲ့ သက်ရှိလူသားသန်းပေါင်းများစွာရဲ့ 'စိတ် ' ဖြစ်ရာတည်းဆိုသော မာယာတစ်ထောင်မကလွန်သော စိတ်မူအနေအထားပင်ဖြစ်သည်။ ခန့်မှန်းရခတ်ခဲတဲ့ စိတ် ဆိုတဲ့ ထိတွေ့မရ မြင်နိုင်စွမ်းမဲ့တဲ့ အရာလေးတစ်ခုက လူသားတိုင်းရဲ့ ရင်တွင်းတစ်နေရာမှာ ပုံစံအမျိုးမျိုးနဲ့ ကိုယ်စီရှိနေခဲ့သည် ထိုအရာသည်သား အမြင့်ဆုံးသို့ တွန်းပို့ပေးနိုင်သလို ဟိုးအောက်ဆုံးအထိသို့လဲ ဆွဲချသွားနိူင်လွန်းသည်။ မမြင်ရတဲ့အရာထဲမှာအကြောက်တရားအကောင်းဆုံးအရာက လူသားမျိုးစိတ်တိုင်းရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတက်တဲ့ စိတ် ဆိုတဲ့ အရာသည်သာပင်။
" နင်သေချာတယ်နော် မင်ဟေး..."
"ဟုတ်ကဲ့သေချာပါတယ် သခင်မကြီး မင်ဟေးကိုယ်တိုင် သူတို့နှစ်ရောက် နမ်းနေခဲ့ကြတာကို ဒီမျက်စီကြီးနဲ့ မြင် ...."
" ရပြီ ! တော်တော့ ....ဒီကိစ္စကို နင်ဘဲသိစေနော် ကြားလား..."
" ဟုတ်ကဲ့ သခင်မကြီး "
" သွားလို့ရပြီ ! "
ခါးကိုင်းအရိုအသေပြုကာထွက်သွားတဲ့ကောင်မလေးရဲ့ကျောပြင်ကိုကြည့်ကာ အသက်မပါတဲ့ အပြုံးတုတစ်ခုကို ဖန်ဆင်းလိုက်ရင်း စိုးရိမ်ထိတ်လန့်စွာရှိနေခဲ့တဲ့ မျက်ဝန်းတစ်စုံကိုတော့ ထိုအပြုံးတုတစ်ခုက ဖုံးအုပ်လို့ မရနိူင်ခဲ့ပါဘူး သေချာတဲ့အရာတစ်ခုကတော့ အခန်းတွင်းရဲ့ မီးရောင်အောက်မှာ ထိုင်နေခဲ့တဲ့ သူမရဲ့ မျက်လုံးထဲမှာစိုးရိမ်မူဆိုနဲ့ အတူ မီးလျှံတစ်ခုပမာ အရောင်တောက်နေခဲ့တဲ့ အမျက် တစ်ခုကလဲ ထပ်သောအရာအနေနဲ့ ကိန်းအောင်းလို့နေခဲ့သည်။
" တဖြည်းဖြည်းချင်းသွားကြတာပေါ့ ဂျွန်ဂျောင်ကု !
သေချာတာကတော့ မင်းက အေးချမ်းခြင်းလေးနဲ့ အဆုံးသတ်ရမှာပါ မင်းမနာကြင်ပါဘူး ....အခုလက်ရှိမှာနာကြင်နေရတာကတော့ ငါပေါ့ ...."