Ep{22}

380 45 31
                                    


Unicode ။

အချစ်တစ်ခုမှာပေးဆပ်ခြင်းနဲ့ရယူခြင်းဆိုတာရှ်ိတယ်။ပေးဆပ်နေတဲ့လူကသူချစ်ရတဲ့သူအတွက်မို့သာပေးဆပ်နေပေမဲ့ရယူခြင်းဆိုတဲ့စိတ္တစနာမ်ကိုလဲမဆိုစလောက်လေးမက်မောတက်ကြတယ်။အချစ်ကတော့အချစ်ပါပဲဒါပေမဲ့လက်တွေ့ကြကြခွဲခြမ်းစိတ်ဖြာတဲ့အခါကြရင်တော့အမျိုးမျိုးသောပုံဆန်တွေနဲ့ကွဲပြားသွားတက်ကြသည်လေ။

ပိုင်ဆိုင်ထားခဲ့ရတဲ့အရာတစ်ခုကိုမထင်မှတ်ထားတဲ့အခြေအနေမှာဆုံးရှံးလိုက်ကြရသည့်အခါအဲ့ဒီဆုံးရူံးလိုက်ရတဲ့အရာကိုလက်မလွှတ်နိုင်တဲ့အနေအထားမျိုးဆိုရင်ဆုံးရူံးလိုက်ရတဲ့လူကရူးလောက်တဲ့အထိကိုဆိုးဆိုးရွားရွားခံစားသွားရပါတယ်။တကယ်တော့အချစ်ဆိုတာအလွန်ပူလောင်စေတဲ့မီး..ချစ်မိလာလေလေပိုမိုလောင်ကျွမ်းလာကြလေလေပါပဲ။ပေးဆပ်ခြင်းများနဲ့ချစ်ပေးနေလဲနာကြင်တက်ကြပြီးရယူခြင်းနဲ့ချစ်နေလဲပူလောင်လွန်းလှသည်။ထို့ကြောင့်အချစ်ဟူသည်ကကကြောက်စရာအတုအယောင်ကြီးတစ်ခုပင်။မချစ်မိအောင်ကြိုးစားနေပေမဲ့လဲဒီစက်ကွင်းကြီးထဲကနေရုန်းထွက်နိုင်စွမ်းတွေကင်းမဲ့ကုန်ကြ၏။

သိပ်ကိုနာကျင်စရာတွေများလွန်းလှပါတယ်။နာကျင်နေရတဲ့နေ့ရက်တွေမှာအဲ့အချစ်ကြောင့်အလူးအလဲကိုခံစားနေရသည်မို့အဆုံးသတ်တွေလှပနေဖို့ကအရမ်းခတ်ခဲလွန်းသည်။ဆိုးရွားတဲ့ကံကြွေးများဒီဘဝဒီမျှနှင့်သာပဲကုန်ဆုံးပါစေတော့။

_______________

မျက်နှာဖုံးအဝါရောင်နဲ့စာအုပ်အထူလေးတစ်အုပ်။လက်ရေးသော့သော့လေးတွေနဲ့သီတန်းထားတဲ့စားကြောင်းကုံးကလေးများကမျဉ်းမပါတဲ့စာမျက်နှာတစ်ရွက်ချင်းစီတိုင်းမှာလှလှပပနှင့်နေရာယူကြသည်။စားပွဲခုံလေးတစ်လုံးရှိနေခဲ့ပြီးထိုရပ်ဝန်းငယ်မှာအငွေ့တွေပြယ်နေပြီဖြစ်တဲ့သောက်လတ်စကော်ဖီခါးခါးတစ်ခွက်လဲနေရာယူသည်။ဘေးနားမှာတဖြတ်ဖြတ်လွင့်နေတဲ့လိုက်ကာစများကပြင်းပြလွန်းတဲ့လေကြောင့်
ကပိုကရိုယိမ်းထိုးလျှက်။ ပြင်းထန်စွာတိုက်ခတ်နေတဲ့ထိုလေကြမ်းကပိတ်မထားတဲ့ပြတင်းပေါက်ကိုကျော်လွန်ပြီးညစ်ထေးထေးထိုအခန်းငယ်အတွင်းသို့အရှိန်ပြင်းများနဲ့ဝင်ရောက်နေရာယူကြရာအဝါရောင်စာအုပ်ရှိစာမျက်နှာဖြူများကတဖြတ်ဖြတ်လွင့်ကုန်ကြသည်။

ERRANTWhere stories live. Discover now