Unicode 🖇️🖇️
" လွတ်နော် ကင်မ်ထယ် "
" မလွှတ်ဘူး မင်းမနေ့ညက ဘယ်ရောက်သွားတာလဲ ကိုယ့်ကိုပြော .."
" တော်စမ်းပါ ဖယ်ပေး ကျွန်တော် စိတ်ရူတ်နေ တယ် ...."
အိမ်မှာ ဘယ်သူမှ မရှိဘူးဆိုပေမဲ့ ကိုကိုရဲ့ Maid တွေနဲ့ အန်တီရဲ့ အခိုင်းအစေတွရှိသည် ထို့ကြောင့် ပင် ပို၍ အနေထိုင်ဆင်ခြင်ရမည် အခုသူတို့နှစ်ရောက်ရဲ့ အခြေအနေကတော့ အိမ်မကြီးရဲ့ လှေကားအတက်အဆင်းနားမှာ ဖြစ်ပြီး ထောင့်အကွယ်ကိုရောက်နေတာကြောင့် အိမ်အောက် ထက်ရှိ Maid များမမြင်ရခြင်းပင် ကင်မ်ထယ်က ဂျောင်ကုရဲ့ ပခုံးသားတွေကိုဆုပ်ကိုင်ထားပြီး စကားပြောနေခြင်းပင် ဖြစ်သည်။
" Jeon ..ကိုယ်မေးနေတယ်နော်မနေ့ညက မင်းဘယ်မှာလဲလို့ကိုယ် ဘယ်လောက် စိတ်ပူပြီးခေါင်းမီးတောက်နေလဲ မင်းသိလား ဟမ် Jeon သိလား ...."
"ပြောပြီးပြီနော် ခေါင်းတွေ ကိုက်နေတယ် စိတ်တွေလဲအရမ်းရူတ်နေလို့ အေးအေးဆေးဆေးနေပါရစေ ကင်မ်ထယ်ယောင်းရယ် ဖယ်ပါ ...."
" မဖယ်ပေးဘူး ကိုယ်မေးတာဖြေ ပြီးတော့ ရှိသေးတယ်မနေ့က အိမ်ကိုလာသွားတဲ့အကောင် အဲ့တာဘယ်သူလဲ မင်းနဲ့ ပတ်သက်မူရှိနေတဲ့ လူလို့တော့ မပြောနဲ့နော် ဟုတ်ရင် အဲ့ကောင်မလွယ်ဘူး ဘဲ"
" ခင်ဗျား ကျွန်တော့်ကို အခု စွပ်စွဲနေတာလား ထယ်ယောင်း ဟုတ်ပါတယ် စွပ်စွဲသင့်ပါတယ် ကျွန်တော်လိုကောင်မျိုးက စာရိတ္တမှမကောင်းတာ ဟင်းဟင်း မကောင်းတဲ့ ကောင်မို့လိုလဲခင်ဗျားရဲ့ အကိုနဲ့ ယူထားခဲ့တာတောင်မှ အခုခင်ဗျားနဲ့ဖောက်ပြန်နေကြတာလေ စွပ်စွဲလိုက်စမ်းပါ ..."
" Jeon !မင်းတော်တော့ ကိုယ် စိတ်ကိုအများကြီးလျော့ထားတာမို့ကိုယ်မေးတာကိုဖြေပါ jeon ရယ် ..."
" မပတ်သက်ဘဲ နေကြရအောင် ..."
" ဘာ! Jeon မင်းဘာပြောလိုက်တယ် ..."
" ခင်ဗျားနဲ့ကျွန်တော် ဒီလောက်နဲ့ ဒီလောက်နဲ့ဘဲရပ်လိုက်ကြရအောင် ကျွန်တော် အရမ်းပင်ပန်းနေပြီ ကင်မ်ထယ်ယောင်းရယ် "