Ep{17}

555 80 17
                                    

Unicode

ကစားကွင်းမှာ တဝကြီးဆော့ပြီးတာတောင် ခြေပန်းလက်ပန်းမကျသေးတဲ့ပေါက်စလေးက ရိုလာကိုစတာကို ၂ခါစီးပြီးလို့ မောသွားပြီထင်သည်။ ခုံတန်လေးမှာခြေချောင်းလေးတွေကိုတွဲလဲလေးချပြီးထိုင်နေသည်။ဖားမျက်လုံးပုံဆန် ဘီးကုပ်လေးကိုလဲ ကုတ်ထားသေးသည် သူ့ကိုကြ ဂြိုဟ်သားဘီးကုပ်ကြီးတပ်ပေးထားတဲ့ ပေါက်စလေးရယ်ပါ အမွှေစိန်လေးကောင်လေးက ။

" ရေခဲမုန့်စားချင််တယ် "

လက်ထဲက အာတာပူစီကြီးကို ကိုင်ထားပြီး သူ့လက်ကိုဆွဲကာရေခဲမုန့်ဆိုင်ကိုလက်ညိူးထိုးနေပြန်တဲ့ အဆိုးလေးကတအားအစားမက်တဲ့ ယုန်ဖြူလေး ။

" အစားတွေစုံနေပြီနော် ဂျောင်လေး နေမကောင်းဖြစ်နေမ
ယ်"

" ဟွန်း ~~ မရဘူး ဒီတစ်ခုထဲပါ နော် ...သွားပါ ဂျောင်ဂျောင်ဒီနေရာလေးကနေငြိမ်ငြိမ်လေးပဲထိုင်ဆောင့်နေမယ် "

နူတ်ခမ်းရဲရဲလေးကိုစူထော်ကာချွဲ့နွဲ့ပြီးကပ်ဖားပုံဆန်လေးနဲ့ပြောနေတဲ့ အကောင်ပေါက်လေးကိုသာကြည့်နေရင်းအသဲယားကာခေါင်းလုံးလုံးလေးကိုအသာလေးပုတ်မိတော့ ဘေးတဖက်သို့ ခေါင်းကိုစောင်းလိုက်တဲ့ကောင်လေး။

" ဟာ !! ဉီးလေးကြီး..ခေါင်းကိုမဖွနဲ့ခေါင်းစည်းထားလ်ို့ပါဆိုနေ ပွကုန်ပြီ "

အာတာပူစီတွေကိုပါးစပ်နဲ့အပြည့်စုပ်စားရင်း အလှပြတ်မှာစ်ိုးနေတဲ့ ယုန်အလုံးလေးရယ်ပါ ။

" အမလေးဟုတ်ပါပြီဗျာ အဲ့တာဆိုဒီမှာငြိမ်ငြိမ်လေးထိုင်နေနော် ဉီးလေးကြီးဆောင်းက မုန့်ဝယ်ပြီးတာနဲ့ပြန်လာခဲ့မယ်"

" ဟုတ် မြန်မြန်ပြန်လာခဲ့ပေးနော်"

ခေါင်းလုံးလုံးလေးကိုအသာလေးပုတ်ကာ လမ်းတစ်ဖတ်က ရေခဲမုန့်ဆိုင်ကိုသူထွက်လာခဲ့လိုက်သည် ။ ကောင်လေးကိုလှည့်ကြည့်ပြီး ပြုံးပြဖို့လဲသူမမေ့ပါ ။ရေခဲမုန့်ဆိုင်က လူကျနေတာကြောင့် ကောင်လေးကိုလှမ်းကြည့်တော့ ကုန်သွားပြီဖြစ်တဲ့အာတာပူစီတုတ်ချောင်းကြီးကို လွှင့်မပြစ်ဘဲ လက်ထဲတွင်သာကိုင်ထားပြီး လမ်းသွားလမ်းလာလူတွေကို လိုက်ကြည့်နေသည်။ တကယ်အဖြူထည်လုံးလေး။

ERRANTWhere stories live. Discover now