Ep{18}

562 71 20
                                    

Unicode

အဆတ်မပြတ်ကျဆင်းနေတဲ့မျက်ရည်စက်တို့ကိုလက်ခုပ်နဲ့ဖိသုပ်နေရင်း မေ့မြောနေတဲ့ချစ်ရသူရဲ့ မျက်နှာနုနုလေးကိုညင်သာစွာထွေးပွေ့နေမိသည်။မထင်ထားတဲ့အချိန်မှာ နှလုံးသားငယ်လေးကိုပြန်ရခဲ့သည်မို့ သေမတက်ပျော်ရွှင်ရသည် ရူးတော့မလိုဝမ်းသာနေမိသည်။နောက်ဆုံးအကြိမ်ပြန်ပိုင်ဆိုင်ရသည်မို့ ဘယ်တော့မှလွှတ်မပေးတော့ဘူး မရရတဲ့နည်းနဲ့ဆွဲထားမှာမို့ ထပ်ပြီးမဝေးပါရစေနဲ့တော့ဒီတခါဆိုသူသေရလိမ့်မယ် ။

" ဂျွန် ~~ မောင့်ရဲ့ဂျွန် နိုးလာပေးတော့နော် မောင်ရှိနေပြီမို့ မင်းရဲ့မျက်ဝန်းလေးဖွင့်ပေးပါတော့ "

မျက်ခွံမို့မို့လေးကိုနူတ်ခမ်းသားတွေနဲ့ထိကပ်မိရင်းမျက်ရည်တို့က အတားစီးမရှိစွာပင်။ မျက်တောင်စိပ်စိပ်လေးတွေကိုမြတ်နိုးစွာနမ်းမိတဲ့အခိုက်တန်တို့က ဆေးခြယ်ထားတဲ့ အလှပန်းချီကားတစ်ချပ်ပမာ ငြိမ်သတ်စွာလှပနေသည်။ ​ဖိနပ်တွေမချွတ်ရသေးတာကြောင့် ဖိနပ်တွေကိုချွတ်ပေးပြီး ခြေအိပ်ဖြူဖြူလေးကိုဆွဲချွတ်လိုက်တော့ မြင်လိုက်ရတဲ့ အရာလေးတစ်ခုကြောင့် နှလုံးသားတစ်ခုလုံးက ဆွဲဆုပ်ခံလိုက်ရသလို အောင့်သက်လှသည််။ တစ်စက်တည်း မျက်ရည်တို့ကလဲ မဖိတ်ခေါ်ဘဲပါးပြင်ထက်သို့ ကျဆင်းခဲ့သည်။ ထိုအခြင်းအရာလေးကတော့ ဖြူနုနေတဲ့ခြေကျင်းဝတ်လေးမှာ ချိန်းကြိုးလေးတစ်ကွင်းသာ။

" ဂျွန် ..... ဂျွန်ရယ် ... မောင်ကျရူံးရပြန်ပါပြီ ... မင်းပြုစားလွန်းတယ် မောင့်အသက်ငယ်ရယ် ... မင်းသိလား မောင့်ကိုမင်းမှမကယ်ရင် ရူးရတော့မယ်ဆိုတာ ..... "

ချိန်းကြိုးလေးဝတ်ထားတဲ့ခြေကျင်းဝတ်လေးက်ိုညင်သာစွာငုံ့နမ်းရင်းခြေဖမိုးမို့မို့လေးကိုသူ့လက်သွယ်သွယ်တွေနဲ့ဆုပ်ကိုင်ထားမိသည်။
ရင်ဘတ်ကြီးတစ်ခုလုံးက တင်းကျပ်စွာနာကြင်နေပြီး နှလုံးအိမ်တစ်ခုလုံးကလဲ တုပ်စွဲခံထားရသလိုနာကြင်လွန်းလှသည်။ တကယ်ကိုဂျွန်က သူ့အတွက် နံရိုးငယ်လေးဖြစ်သလို အသက်ရှင်ခြင်းရဲ့ အကြောင်းပြချတ်တစ်ခုလဲဖြစ်သည်။ ဂျွန်ဟာသူ့အတွက် လေပြေလေညှင်းလေး။ မျက်ရည်စက်တွေနဲ့သာဘယ်လောက်ချစ်နိုင်ကြောင်း မည်မျှမြတ်နိုးကြောင်းဖော်ပြရမည်ဆိုလျှင် သူဆိုတဲ့ ရှင်သန်နေခြင်းကဂျွန်ရဲ့ ဖြစ်တည်မူလိုပါပင်။

ERRANTWhere stories live. Discover now