Unicode 🖇️🖇️
မထင်မှတ်ထားတဲ့ အချိန်တစ်မှာမမျှော်လင့်ထားတဲ့
အရာတေ ဖြစ်လာပြီဆိုရင် သေ ချာတယ် အဲ့တာက
မှန်ကန်တဲ့ ဆုံးဖြတ်ချတ်ကိုပေးနိူင်မှာ မဟုတ်ဘူးဆိုတာပါဘဲဒီလိုဘဲ လူသားတေရဲ့ အ ချစ်ဆိုတဲ့ လင်းအားနည်း
အမှောင်ထု ကြီးထဲမှာလဲ ကြီးမားလွန်းတဲ့ အချစ်တေနဲ့
တစ်ရောက်ကိုတစ်ရောက် ချစ် မိကြပြီဆိုရင်
အမှားအမှန်ကို ခွဲခြားဆုံးဖြတ်ဖို့ဆိုတာ ရေပြင်မှာအရုပ်ရေးဆွဲရသလိုမျိုးဘဲ ဘယ်လောက်ပဲရေးနေရေးနေ အရာမထင်တက်ဘူး ......မချစ်မိစေဖို့ မကြိုးစားရင်တောင်မှ ချစ်တက်လာဖို့ကတော့ အလွန် လွယ်ကူတဲ့ အရာတစ်ခု ဖြစ်စေမှာပါ....................................................................................
ဆေးလိပ်ငွေ့တေ တလွင့်လွင့် ပျံတက်နေတဲ့ အခန်းမျက်နှာကျတ်တစ်ခု ကတော့ ငြိမ်သတ်တိတ်ဆိတ်လို့နေတယ်
အတွေးစတေကလဲ ပျံလွင့်နေတဲ့ မီးခိုးငွေ့များနည်းတူ
ရောက်တက်ရာကင်းမဲ့စွာ ပင်....အတွေးညစ်ညစ်တစ်ခုကတော့ မှတ်ညဏ်ထဲမှာတရိပ်ရိပ်
တက်နေတဲ့ မျက်နှာပြင်တစ်ခုနဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းများ
ပိုင်ဆိုင်ခြင်လို့ ရူးမတက်ဘဲ ရယူလိုစိတ်နဲ့ ချစ်နေမိတာဆိုပေမဲ့
ရယူဖိုကိုယ် မကြိုးစားဘူး ပိုင်ဆိုင်လိုစိတ်တစ်ခုတည်းနဲ့ ပေးဆပ်မှာ သတိရတယ် လွမ်းတဲ့ အချိန်တေတိုင်းမှာ အသက်မဲ့တဲ့ မင်းရဲ့ ပုံလေးတေနဲ့ ပြည့်နေတဲ့ ကိုယ့်အခန်းလေးက
ကိုယ့် အလွမ်းတေရဲ့ စေခိုင်းမူကြောင့်ဖြစ်ပေါ်လာတဲ့
နာကျင်မူတေကို အနည်းငယ်လောက်တော့ သက်သာစေတယ်
မပိုင်ဆိုင်ရင်တော့ မင်းရဲ့ အနီးနားက ပတ်ဝန်းကျင်လေးမှာ
မင်းရဲ့ လူပ်ရှားမူလေးတေ မင်းရဲ့ အပြုအမူလေးတေ
မင်းရဲ့ အလှတရား မင်းမျက်လုံးလေး အဖွင့်အပိတ် လုပ်တဲ့ စက္ကန့်လေးမင်းမျက်တောင်စိပ်စိပ်လေး လူတ်ခတ်သွားတာ လေး မင်းနူတ်ခမ်းလေး မင်းအပြုံးလေး မင်းလက်နုနုလေးတေ က အစ ကိုယ် မြင်တွေ့နေချင်တယ် ကိုယ့် မြတ်နိုးခြင်းလေးရယ် ...မင်းဆီက နေ အတောင်ပျံစငှက်တစ်ကောင် တိတ်တဆိတ်ပျံသွားခဲ့တာက အရာရာမူန်ဝါးလို့နေခဲ့ပေမဲ့
အတောင်စုံလို့ မင်းဆီကို ပျံသန်းလာမဲ့ နေ့က အလင်းတန်းတေ ပြည့်နေတဲ့ ရပ်ဝန်းတစ်ခု အနေနဲ့ မင်းအနားမှာ မင်းရဲ့ အရာရာကို ဖြည့်ဆည်းပေးဖို့ ဖြစ်တည်လာမဲ့ အလင်းတန်းလေး တစ်ခုအနေနဲ့ ကိုယ် ပြန်လာခဲ့မယ် ကိုယ့် မြတ်နိုးခြင်းလေး ရယ်.....
