Ep{3}

992 139 15
                                    

ကံကြမ္မာ
အလှည့်အပြောင်းကြောင့်
မင်းနဲ့ ခနတာ ဝေးကွာနေရပေမဲ့
မကြာတော့မဲ့ နေ့ရက်တေနဲ့
အနာဂတ်ဆိုတဲ့ ကိုယ့်မျှော်လင့်ချတ်လေးက
မင်းအနားမှာ လိပ်ပြာလေးတစ်ကောင်လို
ပျံဝဲရင်းနဲ့ ကာကွယ်ပေးသွားမှာပါ
ကိုယ့်ရဲ့

မြတ်နိုးလွန်သော ဂျွန်ဂျောင်ကု

မင်းရဲ့

" ကင်မ်ယိုဆောင်း"

~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~

မမြင်တွေ့ရတဲ့ အနာဂတ်ဆိုတဲ့ အရာကြီးက
လက်ရှိပစ္စုပ္ပာန်နဲ့ အနေသားမကျဘူးဆိုတာ
တွက်မရတဲ့ အဖြေမဲ့ မေးခွန်းတစ်ပုဒ်လိုဘဲ
လမ်းစရှာရင်း လမ်းပျောက်ခဲ့ကြတဲ့ ကန္တာရ ခရီးသည်တေ
ရဲ့ အိမ်ပြန်ချိန်ဆိုတာ လေထဲမှာပျံလွင့်သွားတဲ့ ကြိုးကြာငှက်ရဲ့တောင်ပံမွှေးတစ်ခုလိုဘဲ လေရဲ့ အဟုန်သဘောတရားကြီးမှာဆုန်ချည်ဆန်ချည်လွင့်မြောလို့နေခဲ့တယ်
အမေးရှိပြီးအဖြေရှာရခတ်လွန်းတဲ့ ပုဆ္တာတေအတွက်တော့
အချိန်တေရဲ့ကာလကြာမြင့်မူက ထပ်တိုးကိန်းတစ်ခုအနေနဲ့
ပတ်သတ်လို့နေခဲ့ ပြန်တယ်

မြင်နိုင် သိနိုင် တွေ့နိုင် မှတ်သားနိုင်တဲ့ ဒီလောကကြီး
ရဲ့သဘောတရားကိုတော့နားလည်ဖို့ ခတ်ခဲတဲ့ အရာတေရှိသလို လက်ခံရန် ခက်ခဲတဲ့ အရာများစွာကလဲ ဆီးကြိုလို့ ထား ပြန်တယ်

အချိန်ကာလတစ်ခုရဲ့ကြာမြင့်မူက ကုန်ဆုံးသွားတဲ့ နေ့တစ်နေ့ရဲ့ နူန်းထားနဲ့ တိကျစွာ တိုက်စစ်မယ်ဆိုရင် လုံးလုံးလျားလျား မှန်ကန်တဲ့ အဖြေကို ရဖို့ဆိုတာ မလွယ်တဲ့ အရာတစ်ခုပင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ထယ်မင်း ...ယိုဆောင်းက ဘယ်လိုလဲ "

ရုတ်တရက် အရင်းမရှိအဖျားမရှိထ မေးလျိုကျတဲ့ ဂျာကြီးရဲ့းကားကြောင့် အနည်ငယ် မှင်သတ်သွားခဲ့သလိုရှိပေမဲ့အထူးတလည်အ့သြတာမျိုးမရှိ ။

" အမ်း ...ဘယ်လိုလဲဆိုတော့ ကျွန်တော်လဲမသိဘူးဂျာကြီးရဲ့ ဒီကောင် ဉီးနှောက်များ ပြတ်သွားတာလား ဘဲ "

" ဟေ့ကောင်ရ..လူပျောက်လေးဘာလေးမတိုင်ကြဘူးလား
ပျောက်ရင် ပျောက်တဲ့အကြောင်းလေးဘာလေး သိရင် လဲသိရမှာပေါ့ "

ERRANTWhere stories live. Discover now