Unicode
တဖြောတ်ဖြောတ် ကျဆင်းလို့နေတဲ့မိုးရေစက်တွေကိုငေးကြည့်နေရင်း ကြမ်းပြင်ထက်မှာငြိမ်သတ်စွာ ထိုင်နေခဲ့တဲ့ ကောင်လေးတစ်ရောက်ကတော့ အဖြူရောင် ရှပ်အင်ကျီပါးလေးကိုမှ အနတ်ခံ လက်ရှည် အပွလေးကိုတွဲဖတ်ဝတ်ဆင်ထားပြီး နို့စိမ်းရောင် pant လေးနဲ့ ရိုးရိုးလေး ချစ်စရာကောင်းနေခဲ့သည်။
ကောင်လေးရဲ့ ဖြူနုနုခြေကျင်းဝက် သွယ်သွယ်လေးမှာ ငွေဖြူရောင်ကြိုးမျှင်လေးနဲ့ အနတ်ရောင်စိန်ပွင့် ဖူးချိန်းလေးက လဲ ပြိုးပြိုးပြတ်ပြတ်နဲ့ လှပလို့နေဆဲပင် ။
" ဟယ်လို ဂျောင်လေးရေ !! ဉီးလေးကြီး ဆောင်းလာပါပြီနော်
ဒန့် ဒန့် ဒန့် ((( "
" ဟာ ~~ ဉီးလေးကြီး က ရောက်နေတာဂျောင်လေးတောင်မသိဘူး "
" ဟားဟား ~~ ဂျောင်လေးက ငေးနေတာကို
ဒီမှာကြည့်စမ်း ဂျောင်လေးအတွက် "ဆိုပြီး ယူပြလိုက်တဲ့ ပန်းနုရောင် ယုန်ရုပ်ကြီး
လူတစ်ရပ်စာလောက်ရှိတဲ့ ယုန်ရုပ်ကြီးကိုကြည့်ပြီး ရယ်နေတဲ့ကောင်လေးက တကယ်ကိုဖြူဖြူစင်စင်လေး ။" ဝါးး ~~ မိုက်လိုက်တာ ဂျောင်လေးကအဲ့အရုပ်ကြီးလိုချင်နေတာဉီးလေးကြီးက တော်လိုက်တာ ခစ်ခစ် ~~ လာယူလာပေး အဲ့အရုပ်ကို ဂျောင်လေးဆီယူခဲ့ပေး "
လက်လေးနှစ်ဖတ်ကိုဆန့်တန်းပြီးကလေးလေးတရောက်လိုစကားတွေ တွတ်ထိုးပြောနေတဲ့ကောင်ငယ်လေးက ချစ်ဖို့ကောင်းသည်ထက် ပိုချစ်စရာကောင်းနေခဲ့သည်။ ကောင်လေးအနားသို့သွားကာ အရုပ်ကြီးကို ချပေးမိတော့ ပွေ့ဖတ်ထားလိုက်တာ သူ့လက်လေးတွေနဲ့ ထိုင်ရက်ကတောင်မထဘူး အဆိုးလေးက တခစ်ခစ်နဲ့လဲရယ်နေသေးတာ ။
" အရုပ်ကို ခနချပါအုန်း ဂျောင်လေးရဲ့ ထမင်းစားပြီးပြီလား
မနတ်စာရော ကောင်းကောင်းစားခဲ့ရဲ့လား "" အွန်း နေ့လည်စာက မစားရသေးဘူး မနတ်စာက
စားပြီးပြီ ခစ်ခစ် "သူ့မျက်နှာကိုမကြည့်ဘဲ အရုပ်ကိုသာကြည့်ပြီးစကားတွေပြောနေတဲ့ကောင်လေးက ဟိုးအရင်လို အေးစက်ခြင်းတွေနဲ့ ညို့ဓာတ်တွေမရှိတော့ အရာရာကိုကလေးအတွေးနဲ့ စားဖို့ အိပ်ဖို့သာ သိတော့တဲ့ ကလေးလေးတစ်ရောက်အဖြစ်သို့သာ ရှိနေခဲ့သည်။ အရင်က မရှိသလောက်ဖြစ်တဲ့ ပါးမို့မို့ဖောင်းဖောင်းလေးတွေနဲ့ အခုကလေးလေးက သူမှသူ သူထမင်းမကျွေးရင်မစားဘူး သူအိပ်ခါနီး အရုပ်တွေနဲ့ အတူမဆော့ပေးရင် မအိပ်ဘူး တကယ်ကို ကလေးလေးတစ်ရောက်လ်ို ဖြစ်သွားတာ ဂျောင်ကုက ။
