Zawgyi version
- 16 years before -
{2005}" လမ်းပျောက်နေတာလား ကောင်လေး? "
ဒူးနှစ်ဖက်ကို ရင်ဘတ်မှာပိုက်ရင်း ခပ်ကျုံ့ကျုံ့လေးထိုင်နေတယ့် ကလေးတစ်ယောက်ကို နောက်ထပ်ကောင်လေး တစ်ယောက်က ထိုကလေးနဲ့ အရပ်ချင်းတူအောင် ဒူးထောက်ထိုင်လိုက်ရင်းမေးတယ်။" ခင်ဗျားက ဘယ်သူလဲ? " သူ့ရဲ့အမေးကို အမေးနဲ့ပြန်ဖြေတယ့် ကလေးငယ်လေးရဲ့ မျက်ဝန်းထဲက စိုးရိမ်မှုနဲ့ သံသယတွေကို ဖမ်းမိသွားတယ့် ကောင်လေးရဲ့ ရယ်သံက ခပ်လွင်လွင်။
" အရင်တုန်းကအတိုင်း မပြောင်းလဲဘူးဘဲ။ သံသရတွေ များနေတုန်းဘဲ။ "
" ဘာ? " မျက်မှောင်ကျုံ့ရင်း ထအော်တယ့်သူ့အရှေ့က
ကလေးရဲ့ နှဖူးကိုတစ်ချက်တောက်ဖို့ ပြင်လိုက်ပြီးမှ လက်ကိုအနောက်ပြန်ဆုတ်လိုက်ပြီး လက်ညှိုးနဲ့ဘဲ ခပ်ဖွဖွလေးတွန်းလိုက်တယ်။ကလေးငယ်လေးတွေက သိပ်ကိုနူးညံ့ပြီး အထိအခိုက်မခံနိုင်ကြဘူးမလား။
" မရိုင်းစမ်းနဲ့ လီဂျယ်နို။ "
" ခင်ဗျားက ကျွန်တော့်နာမည်ဘယ်လိုသိတာလဲ။ "
အပြာရောင်အစင်းကြားအင်္ကျီနဲ့ ကလေးက ဟိုးအရင်တုန်းကအတိုင်းမပြောင်းလဲဘဲ အပြာရောင်တွေကို နှစ်သက်နေတုန်းဘဲထင်။" ဒီလောကကြီးမှာ ငါမသိတာဘာမှမရှိဘူး ဂျယ်နို။ "
ဖန်ဂေါ်လီလုံးလို မျက်ဝန်းလေးတွေက ဝိုင်းစက်စက်။
အံ့ဩမှုကြောင့် လှိုက်ဖိုလာတယ့် ဝင်သက်ထွက်သက် အမျှင်တန်းက မျက်လုံးချင်းဆုံစေဖို့ ဒူးထောက်ထိုင်ထားတယ့် သူ့ဆီကို လာရောက်ရိုက်ခတ်တယ်။" ခင်ဗျား နတ်သားလား။ " တအံ့တဩမေးလာတယ့်
မေးခွန်းရဲ့အဆုံးမှာတော့ သူရယ်ချလိုက်မိတော့တာပါဘဲ။" အဟင်း... အဲ့လိုမှတ်ထားရင်လည်း အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ဖြစ်တည်မှုကို သိနိုင်ဖို့အတွက် မင်းက အရမ်းငယ်လွန်းနေသေးတယ်။ "
သူ့ရဲ့စကားအဆုံးမှာ ငြိမ်ကျသွားတယ့် ဂျယ်နိုက သူပြောတယ့်စကားတွေကို လိုက်မှီအောင် ကြိုးစားနေရတယ့်ပုံ။
တိတ်ဆိတ်သွားတယ့် လေထုမှာ သူသိပ်နေသားမကျသေး။ သူ့အရှေ့က ကောင်လေးရဲ့ ပုခုံးကိုဆုပ်ကိုင်လိုက်တော့ ရှုပ်ထွေးမှုတွေလွှမ်းမိုးထားတယ့် မျက်ဝန်းတစ်စုံက သူ့ကို ကြိုဆိုတယ်။