- 17 -

437 57 15
                                    

Unicode Version

ညခင်းပိုင်းအချိန်ဟာ တိတ်ဆိတ်လွန်းတယ်။ သူရောက်နေတဲ့နေရာက တောင်ပေါ်ကအိမ်လေးတစ်လုံးမှာဖြစ်နေတာလည်းပါမှာပေါ့။ မြေပြန့်ဒေသမှာတောင် ညဘက်ဆိုမီးလှုံရတဲ့ဂျီယာရဲ့ရာသီဥတုက တောင်ပေါ်မှာဆိုတော့ အအေးဓာတ်ပိုကဲတယ်။ ဝါကျင့်ကျင့်မီးရောင်ဖျော့ဖျော့ပဲထွန်းထားတဲ့အိမ်ရဲ့အပြင်ဘက်မှာ နေကြာပန်းခင်းတွေ။ နေမင်းကိုပဲမျက်နှာမူတတ်ကြတဲ့ နေကြာတွေက နေရောင်မရှိချိန်မှာ အားကိုးရာပျောက်နေကြသလိုပဲ။ သူ့လိုမျိုးပေါ့။

" ဟယ်ချန်း အေးတယ်လေ အနွေးထည်ဝတ် "

ပြတင်းပေါက်နားမှာ ခပ်ငြိမ်ငြိမ်ရပ်နေတဲ့သူ့ကို မျက်လုံးဒေါင့်ကမြင်နေရတဲ့ မှန်ရိပ်ပေါ်ကလူကလှမ်းပြောတယ်။ ကုတင်ပေါ်မှာအေးအေးလူလူထိုင်နေပုံများ လောကကြီးတစ်ခုလုံး အဲ့ဒီလူနဲ့မသက်ဆိုင်သလိုပဲ။

" ကိုယ်ပြောတာ နားမထောင်ဘူးလား ဟယ်ချန်း? ဖျားလိမ့်မယ် ပြတင်းပေါက်နားမှာရပ်မနေနဲ့တော့ "

ဒီတစ်ခါတော့ လေသံခပ်မြင့်မြင့်ကိုသူကြားရတယ်။ မှန်ရိပ်ပေါ်က ခပ်စူးစူးမျက်ဝန်းညိုတွေကိုလည်း မျက်လုံးဒေါင့်ကနေ မြင်နေရတုန်းပဲ။ အရင်လိုပဲ ဗိုလ်မှူးက စိတ်မရှည်မှုတွေကိုကိုင်ဆောင်ထားတုန်းပဲ။

ဟက်ခနဲရယ်ရင်း နှုတ်ခမ်းတွန့်လိုက်မိတယ်။

" နားမထောင်ချင်ပါဘူး "

" နားထောင်ရမယ် "

" လီမင်ဟျောင်း ခင်ဗျား! "

" မင်း အေးနေလိမ့်မယ် "

" ကျွန်တော် အေးခဲသွားရင် ခင်ဗျားပျော်မှာမဟုတ်ဘူးလား? "

သူ့စကားအဆုံး မောဟိုက်သလိုသက်ပြင်းချသံတစ်ခုကို ကြားရတယ်။

" မင်း ကိုယ့်ကို နှစ်ခါသေစေချင်နေတာလား "

ဒီတစ်ခါစကားရပ်သွားရသူကတော့ သူကိုယ်တိုင်ပဲ။ ပြိုကျလာချင်နေတဲ့မျက်ရည်တွေကြောင့် မျက်တောင်တစ်ချက်နှစ်ချက်ဆက်တိုက်ခတ်လိုက်တယ်။

" ခင်ဗျား အေးနေမှာရော မစိုးရိမ်ဘူးလား? "

ခပ်ထေ့ထေ့အပြုံးတစ်ခုနဲ့ သူမေးလိုက်တယ်။ ပြန်ဖြေသံဟာ စက္ကန့်အနည်းငယ်လောက်ရပ်ဆိုင်းတယ်။

Untold FairytaleWhere stories live. Discover now