- 11 -

710 74 15
                                    

Unicode Version

{2021}

" ဒီနေ့လည်း ပိုက်စိပ်တိုက်လိုက်ရှာတာတောင် အရိပ်အယောင်မပြောနဲ့ သူ့အသုံးအဆောင်ပစ္စည်းတစ်ခုတောင် မတွေ့ခဲ့ဘူး။ "

ကယ်ဆယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်းက အဆီပြန်နေတဲ့မျက်နှာကို လက်နဲ့ပွတ်သပ်ချလိုက်ရင်းပြောတယ်။

" ဒီပုံအတိုင်းဆိုရင် ကြည့်ရတာ တောရိုင်းကောင်တွေဘာတွေစားတာ ခံလိုက်ရတာလားမသိ..."

" မဖြစ်နိုင်တာ! "

‌သူ့စကားကိုဖြတ်အပြောခံလိုက်ရတာမို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်က မင်ဟျောင်းကို နားမလည်သလိုကြည့်လာတယ်။ သူပြောနေတာ မပြီးသေးဘူးလေ။

" ကျွန်တော့်သူငယ်ချင်းက သေသွားပြီလို့ဆိုလိုချင်တာလား "

" အဲ့လိုမဟုတ်..."

" မဟုတ်ရင်လည်း အဲ့ဒီစကားကိုဒီမှာတင်ရပ်!သူ့ကိုမတွေ့မချင်း ကျွန်‌တော်တို့ဒီနေရာကနေ တစ်ဖဝါးမှမခွာနိုင်ဘူး "

မှာစရာရှိတာတွေမှာပြီး ရွက်ဖျင်တဲကိုပြန်လာတော့ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ဟယ်ချန်းကိုတွေ့တယ်။ သူသက်ပြင်းမောချလိုက်မိတယ်။ အမှန်တော့ သူလည်းပင်ပန်းလှပါပြီ။ မျက်လုံးစုံမှိတ်ပြီးသာ ဂျယ်နိုအသက်ရှင်နေသေးတယ်ဆိုပြီး ယုံကြည်နေတာ။ တကယ်တမ်း ဂျယ်နိုအသက်ရှင်မနေနိုင်တော့ဘူးဆိုတာ သူရော ဟယ်ချန်းရောသိတယ်။

" ဟယ်ချန်း "

" ဟင် "

" ပင်ပန်းတယ် "

" အိပ်တော့မလား လာအနားယူလိုက်တော့ မင်းလည်းတစ်နေ့လုံးပင်ပန်းနေပြီ "

" အင်း "

အိပ်ရာပေါ်မှာ ဝင်နေရာယူလိုက်တဲ့မင်ဟျောင်းကို ဟယ်ချန်းက လည်ပင်းအထိစောင်ဆွဲခြုံပေးလိုက်တယ်။

" မင်ဟျောင်း "

" အင်း "

" ငါရှာတွေ့ထားတာ တစ်ခုပြောပြရမလား "

မင်ဟျောင်း ခေါင်းငြိမ့်ပြလိုက်တယ်။ အခုအချိန်မှာ အသံမထွက်ချင်လောက်အောင်ကို သူပင်ပန်းနေပြီ။

Untold FairytaleWhere stories live. Discover now