- 9 -

684 83 19
                                    

Unicode Version

"ဒါဘယ်လဲ?"

မနက်စာစားနေရင်းကနေ ကျက်သရေမရှိတဲ့မျက်နှာကို မြင်လိုက်ရတာမို့ စားလက်စကိုချထားခဲ့ပြီး ထထွက်လာတော့ မြို့တော်ဝန်ရဲ့အသံမာမာက ထမင်းစားခန်းထဲမှာ ဟိန်းထွက်လာတယ်။

" ဂေါ့ဂျာဝယ် "

" အခုတလော အဲ့တောထဲကိုသွားတာစိပ်လာတယ်နော်။ မဟုတ်မှ တောစောင့်နတ်တွေပြုစားတာခံလိုက်ရတာလား?"

" ခင်ဗျားပါးစပ်ကိုပိတ်ထား!"

ဟန်ဆောင်မူပိုတဲ့မိန်းမက ကြောက်လန့်သွားသလို အဖေ့ရဲ့နောက်ကိုဝင်ပုန်းလေရဲ့။

" မီယွန်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့က မင်းအတွက်အရမ်းအပန်းကြီးတဲ့ ကိစ္စဖြစ်နေသလား လီဂျယ်နို?"

" အမေ့ရဲ့နေရာကို ဒီလိုအဆင့်အတန်းမရှိတယ့် မိန်းမပျက်နဲ့ အစားထိုးရုံတင်အားမရလို့ အခုကျွန်တော်ကောင်းကောင်းမွန်မွန်ဆက်ဆံတာကိုပါ လိုချင်နေတာလား?အမေ့ကို နည်းနည်းလေးမှ အားမနာဘူးလား?"

အဆင့်အတန်းခွဲခြားတတ်တဲ့ ဂျယ်နိုအတွက်တော့ အပျော်မယ်တစ်ယောက်ဖြစ်တယ့် မိန်းမက ကျက်သရေယုတ်စရာမြင်ကွင်းတစ်ခုထက်မပိုဘူး။

" ဒီအပျက်မကို အမေ့ရဲ့နေရာမှာအစားထိုးချင်ရင် ကျွန်တော့်နာမည်ကို ဒီအိမ်ထောင်စုစာရင်းကနေ ဖယ်ထုတ်ပြီးမှရမယ်!"

စကားသံဆုံးတာနဲ့ ဝုန်းခနဲမြည်သံနဲ့အတူ ဂျယ်နိုက ထမင်းစားခန်းထဲကနေ ထွက်ခွာသွားသည်။

•••••••

" မင်းဆံပင်တွေရှည်နေပြီ။ "

" ညှပ်စေချင်တာလား?"

" မင်းသဘောလေ။ ငါတော့ဘာဖြစ်ဖြစ် သဘောကျတယ်။ "

သူဂျယ်မင်းနဲ့ စတွေ့ဆုံခဲ့တာ သုံးလနီးပါးရှိခဲ့ပြီ။ စာအုပ်ဖတ်နေရင်းကနေ ပန်းပင်ရေလောင်းဦးမယ်ဆိုပြီး ထွက်သွားတယ့်ဂျယ်မင်းရဲ့အနောက်ကို ဂျယ်နိုကပါ ပျင်းရိပျင်းတွဲနဲ့လိုက်လာတယ်။ အိမ်ရှေ့ကိုရောက်တော့ ထင်တယ့်အတိုင်း အခြားပန်းပင်တွေထက် နှင်းဆီဖြူကိုပဲ ပိုဦးစားပေးပြီး ရေလောင်းပေါင်းသင်နေသည်။

Untold FairytaleWhere stories live. Discover now