Unicode version
" ငါလူတစ်ယောက်ကို ပိုင်ဆိုင်ချင်တယ်။ "
ဂျယ်နိုရဲ့ အသံခပ်လေးလေးနဲ့စကားကိုကြားတော့ ဝိုင်နီကို အရသာခံပြီးဖြည်းဖြည်းချင်းသောက်နေတယ့် ဟယ်ချန်းက ပြက်လုံးတစ်ခုကိုကြားရသလိုမျိုး ရယ်တယ်။
" ပိုင်ဆိုင်ချင်ရင် အရယူလိုက်ပေါ့ ဂျယ်နိုရယ်.. ဘာတွေများခက်ခဲနေတာလဲ။ "
ပေါ့ပျက်ပျက်ပြန်ပြောတယ့် လီအိမ်တော်က သားအငယ်ဆုံးဖြစ်တယ့် ဟယ်ချန်းက ဘာကိုမှအလေးအနက်ထားတတ်တယ့်လူမျိုးမဟုတ်။
" ဒါနဲ့ဘာလို့ဒီကိုရောက်လာတာလဲ? မင်းအိမ်မှာ ပြဿနာတက်လာပြန်ပြီလား? " သူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်တယ့် မြို့လယ်ခေါင်က ကာစီနိုတစ်ခုမှာ အနားလာယူနေတုန်း ဝုန်းဒိုင်းရောက်ချလာတယ့် ဟယ်ချန်းရဲ့သုန်မှုန်နေတယ့်မျက်နှာကိုကြည့်ခြင်းဖြင့် ပြဿနာတစ်ခုခုတက်လာပြန်ပြီဆိုတာ ဂျယ်နိုသိလိုက်တယ်။
" ဒီအတိုင်းပါပဲ။ ညီအစ်ကိုကြားက ပြဿနာလေ။ "
ပုံမှန်အတိုင်းပြောလိုက်တာဆိုပေမယ့် ဟယ်ချန်းရဲ့စကားသံမှာ ထေ့ငေါ့မှုတွေအပြည့်။ စကားဆုံးတော့ ခပ်ရွဲ့ရွဲ့ပင် ပြုံးလိုက်သေးသည်။
" အခုမင်းကိုလိုက်ရှာနေတာလား။ "
ဆိုဖာအမှီပေါ်လှဲချလိုက်တယ့် ဟယ်ချန်းက သက်ပြင်းမောကိုချတယ်။
" အေး ဘယ်နေရာမှာမှရှာမတွေ့ရင် ဒီကိုရောက်လာလိမ့်မယ်။ "
ဂျယ်နိုခေါင်းကိုသာ ခပ်လေးလေးငြိမ့်လိုက်တယ်။ ဘာတုံ့ပြန်မှုမှမပေးတော့ပဲ လက်ထဲကဝီစကီကို တစ်ကျိုက်ထဲမော့ချလိုက်တော့ လည်ချောင်းထဲမှာ ပူဆင်းသွားသလို။
" ဟယ်ချန်း? " ပြောလို့မှမဆုံးသေး မောဟိုက်နေတယ့်အသံနဲ့ ဟယ်ချန်းရဲ့နာမည်ကိုခေါ်လာတယ့်လူက နေရာတိုင်းမှာ ဟယ်ချန်းကိုလိုက်ရှာပြီး နောက်ဆုံးရှာမတွေ့တော့မှ သူမမြင်ချင်ဆုံး ဂျယ်နိုရှိရာ ဂျယ်နိုရဲ့ပိုင်နက်ထဲဝင်လာတယ်ဆိုတာ သိသာလှသည်။
" ဘာလာလုပ်တာနဲ့ ဒီကို? " ထိုင်နေရာကနေ ထိုလူ့ဆီလျှောက်သွားပြီး လေသံမာမာနဲ့အော်ပြောလိုက်တယ့် ဟယ်ချန်းက မျက်မှောင်ကျုံ့လျက်။