Zawgyi Version
" ဒါလင်က ငါ့ကိုမုန်းနေတာ။ "
ကုတင်ပေါ်မှာ ပျင်းရိပျင်းတွဲလှဲနေတယ့်လူဆီကနေ ဆောင့်ဆောင့်အောင့်အောင့်အသံထွက်လာတာကြောင့် ဖတ်လက်စစာအုပ်ကို ဘေးချပြီး မျက်လုံးကိုစွေ့ကြည့်လိုက်တော့ ထင်တယ့်အတိုင်း မျက်နှာကြပ်ကို မျက်နှာမူပြီး ပါးစပ်ထဲရှိတာတွေလျှောက်ပြောနေပြန်ပါပြီ။
" ရုတ်တရက်ကြီး ဘာအရူးထပြန်တာလဲ? "
" ငါ့ထက် အဲ့စာအုပ်ကိုပဲပိုပြီးဂရုစိုက်နေတာ။ သေချာတယ် ဒါလင်က ငါ့ကိုမုန်းနေတာ။ "
ပြောနေတယ့် လီဂျယ်နိုရဲ့မျက်နှာက ဆူပုတ်ပုတ်။ ဂျယ်မင်းမျက်မှောင်တွေကို ကြုတ်လိုက်မိတယ်။ အခုရစ်စရာမရှိ ရှာကြံပြီးရစ်နေတာလား?
" တွေ့လား တွေ့လား ငါ့ကိုကြည့်တာတောင် မျက်မှောင်ကြီးကြုတ်ပြီးကြည့်နေတာ! "
စာအုပ်အဖုံးကို အသံမြည်အောင်ပိတ်ချလိုက်ပြီး ဂျယ်နိုဘက်ကို အလုံးစုံမျက်နှာမူလိုက်တယ်။
" လီဂျယ်နို။ "
အနည်းငယ် မာဆတ်ဆတ်နိုင်သော အသံပင်ဖြစ်သည်။
" ဗျာ... "
မျက်ခုံးတွေကို လက်နဲ့ဖိချေလိုက်ရတယ်။ ဒီလူနဲ့လည်း တစ်နေ့ထက်တစ်နေ့ပိုပြီးသွေးတက်ရလွန်းလို့ တမင်သူ့ကိုလုပ်ကြံချင်နေတာလားလို့တောင် အတွေးဝင်လာမိတယ့်အထိ။
" ငါသာမင်းကိုမုန်းရင် မင်းဒီအခန်းထဲရောက်နေစရာအကြောင်းမရှိဘူး။ အစောကြီးကတည်းက အိမ်ပေါ်ကနှင်ချပြီးနေပြီ။ "
သူ့အိပ်ရာပေါ်မှာ ပိုင်စိုးပိုင်နင်းဝင်လှဲနေတယ့်လူက အိပ်ရာပေါ်ကကုန်းရုန်းထလာပြီး ရွှင်လန်းနေတယ့်မျက်နှာနဲ့။
" မမုန်းဘူးဆိုတော့ ချစ်တယ်ပေါ့? "
" ထွက်သွားစမ်း! "
ဒါပါပဲ။ လီဂျယ်နိုဆိုတယ့်လူက သူ့ကိုသဘောကျတယ်လို့ပြောပြီးတယ့်နေ့ကစပြီး နေ့တိုင်းအကြောင်းပြချက်မျိုးစုံနဲ့ အိမ်ကိုရောက်လာတော့တာပဲ။ ခဏခဏနှင်ထုတ်လည်း မျက်နှာပြောင်ပြောင်နဲ့ပဲ ပေကပ်နေတယ့်ဂျယ်နိုကို နောက်ပိုင်းဂျယ်မင်းလည်း လုပ်ချင်ရာသာလုပ်တော့ဆိုပြီးလက်လျှော့လိုက်ရတယ်။