Unicode Version
" ဘဝမှာ ဒီလိုအခြေအနေမျိုး ပထမဆုံးကြုံဖူးတာပဲ "
နဖူးကချွေးသီးတွေကိုလက်နဲ့ဖယ်သုတ်ရင်း ချန်းလော့က မောဟိုက်စွာပြောတယ်။
စခန်းရဲ့အခြေအနေဘယ်လိုဖြစ်ကျန်ခဲ့လဲ သူတို့မတွေးနိုင်သေး။ သေနတ်ဒဏ်ရာနဲ့မင်ဟျောင်းကိုတွဲပြီး ဘေးလွတ်ရာကိုအရင်ပြေးရတယ်။ ဒါပေမယ့် တစ်ချက်လှုပ်လိုက်တိုင်း မင်ဟျောင်းရဲ့ ဒဏ်ရာကနေ သွေးတွေပိုပြီးစိမ့်ထွက်လာခဲ့တာမလို့ ထင်သလောက်တော့ ခရီးမတွင်ခဲ့ဘူး။ အခုလည်း အရိပ်ကောင်းကောင်းရနိုင်လောက်မယ့် သစ်ပင်ကြီးတစ်ပင်ရဲ့ခြေရင်းမှာ မင်ဟျောင်းကိုလှဲစေရင်းသွေးတိတ်အောင်လုပ်ရတယ်။
နှုတ်ခမ်းတွေက သွေးတွေဆုတ်ယုတ်လာသလိုဖြူဖျော့သွားပြီး လက်တွေကလည်းနာကျင်မှုကြောင့် တဆတ်ဆတ်တုန်ရီနေခဲ့သည်။ သွေးထွက်လွန်နေပြီဖြစ်တဲ့မင်ဟျောင်းရဲ့ မျက်နှာကချွေးစေးများ သီးနေခဲ့ပြီး တစ်ကိုယ်လုံးကလည်း အေးစက်စပြုလာသည်။
မင်ဟျောင်းနီးတူ ဟယ်ချန်းကလည်း လက်ဖျားများအေးစက်ကာ နှုတ်ခမ်းပါးများက ထိတ်လန့်မှုကြောင့် အဆက်မပြတ်တုန်ရီနေခဲ့သည်။
ဒီလူကိုသာ ဆုံးရှုံးလိုက်ရရင်ဆိုတဲ့အတွေးက သူ့တစ်ကိုယ်လုံးကို လှုပ်ရှားမှုကင်းမဲ့သွားအောင် ထိန်းချုပ်နိုင်ခဲ့သည်။ စခန်းကထွက်ပြေးလာတုန်းက သွေးပူနေတဲ့အချိန်မလို့သိပ်မသိသာခဲ့ပေမယ့် အခုလိုမင်ဟျောင်းရဲ့အခြေအနေကိုသေချာမြင်လိုက်ရတဲ့အချိန်မှာတော့ ထိတ်လန့်သည်ထက် ပိုခဲ့သည်။
ဘေးကင်းသွားပြီလို့ယူဆလို့ရတာ သေချာတော့မှ ချန်းလော့က စိတ်ချသွားသလိုသက်ပြင်းရှည်ကိုချပြီး အမြဲတမ်းကိုယ်နဲ့မကွာဆောင်ထားလေ့ရှိတဲ့ သွေးတိတ်ဆေးဖြင့် မင်ဟျောင်းရဲ့ဒဏ်ရာပေါ်ကိုဖြန်းချလိုက်တယ်။ ထို့နောက် ဟယ်ချန်းရဲ့အင်္ကျီစကိုဆွဲဖြဲလိုက်ပြီး ဒဏ်ရာပေါ်ခပ်တင်းတင်းစည်းလိုက်တဲ့အခါ မင်ဟျောင်းက သိမ့်ခနဲတုန်သွားခဲ့သည်။
ဒဏ်ရာကနက်တဲ့အပြင် ဝမ်းဗိုက်နေရာကိုထိသွားတာကြောင့် ကိုယ်တွင်းကလီဇာတစ်ခုခုပျက်စီးသလောက်ဖြစ်သွားနိုင်တယ်ဆိုပေမယ့် အခုအချိန်မှာသူလုပ်နိုင်တာဆိုလို့ သွေးထွက်မလွန်အောင်လုပ်ထားနိုင်တာပဲရှိသည်။ နာကျင်မှုဒဏ်သက်သာလိုသက်သာငြား မင်ဟျောင်းအမြဲဆောင်ထားလေ့ရှိတဲ့ မော်ဖင်းကိုလိုက်ရှာပေမယ့် မင်ဟျောင်းက မျက်လုံးမှိတ်ထားရင်းနဲ့ ခေါင်းကိုခပ်ဖြေးဖြေးခါတယ်။