Unicode Version
" ပျော်ရွှင်ဖို့ကြိုးစားဖူးလား? "
" ကြိုးစားနေတုန်း။ "
သူ့ကိုငေးကြည့်နေရင်းနဲ့ ပြန်ဖြေလိုက်တယ့်အဖြေကို ကောင်းကင်ငယ်ဟာ သဘောမတွေ့သလို မျက်မှောင်ကျုံ့လေရဲ့။
" မေးခွန်းပြောင်းမယ်။ ပျှော်ရွှင်မှုကို သဘောကျလား? "
" ကျတယ်။ "
သူလိုချင်တယ့်အဖြေကိုရသွားသည်ထင် အခုမှနှုတ်ခမ်းပါးတို့က ပြုံးယောင်သမ်းတယ်။
" အဲ့တာဆို ခုနကပြောထားတာကို ပြန်ရုတ်သိမ်းလိုက်။ "
" မင်းဘယ်လိုဖြစ်နေတာလဲ နာဂျယ်မင်း! "
ဂျယ်မင်းက သက်ပြင်းရှည်ကိုချတယ်။ သူမြတ်နိုးရတယ့် သလင်းကျောက်အရောင်မျက်ဝန်းတွေက သူ့ရဲ့မျက်ဝန်းတွေထဲကို ရဲတင်းစွာ ကုတ်တွယ်တယ်။
" အဲ့လိုမေးရမှာ ငါပါ။ မင်းဘာဖြစ်နေတာလဲ?! မနေ့ကငါ့ကို မင်းရဲ့အပိုင်ဖြစ်ပေးမလားပြောတယ်.. ဒီနေ့ကျတော့ သဘောကျတယ်? ငါမှတ်မိသလောက်တော့ ငါတို့နှစ်ယောက်သိတာ နှစ်ဆယ့်လေးနာရီတောင်မပြည့်သေးဘူးနော် လီဂျယ်နို! "
" အဲ့တာဘာဖြစ်လဲ? သဘောကျလို့ သဘောကျတယ်ပြောတာလေ ဘယ်အချိန်မှပြောရမယ်လို့ ကန့်သတ်ချက်ရှိလို့လား? "
လေပြေနုနုက ဆံနွယ်ပြာပေါ်ကို ရှပ်ပြေးတယ်။ အေးစိမ့်နေတယ့် ရာသီဥတုမှာတောင် နှုတ်ခမ်းပါးတို့က နီစွေးစဲ။ ဂျယ်နိုက သူ့ရဲ့အရှေ့မှာထိုင်နေတယ့် ကောင်လေးကိုအကြောင်းပြချက်မရှိငေးတယ်။ သူ့ရဲ့ အနုပညာလေးကတော့ မျက်ခုံးတို့ကို တွန့်ချိုးထားတုန်း။
" ကောင်းပြီ ကောင်းပြီ။ အဲ့တာဆိုလည်း ခုနကပြောလိုက်တာကို မကြားလိုက်သလိုသဘောထားလိုက်။ နောက်နေ့မှ ထပ်ပြောမယ်။ "
" ပေါ့ပျက်ပျက်နဲ့။ "
ထိုစကားတစ်ခွန်းကလွဲပြီး ကျန်တာထပ်မပြောတော့တယ် ဂျယ်မင်းက သောက်လက်စကော်ဖီနွေးနွေးကိုသာ ဆက်သောက်နေတယ်။
" မင်းငါ့အကြောင်းတွေ ဘာမှမသိသေးပါဘူး။ "
အချိန်အတော်အတန်ကြာမှ ဂျယ်မင်းဘက်က ပြန်ပြောလာတယ့် စကားပဲ။