- 10 -

686 73 23
                                    

Unicode Version

{2021}

" ဂျီယာမှာ မသေမျိုးတွေက စုန်းတွေပဲရှိခဲ့တာမဟုတ်ဘူးတဲ့!"

" ဘာကိုဆိုလိုတာလဲ?"

ရွက်ဖျင်တဲထဲမှာထိုင်နေတုန်း ဟယ်ချန်းကဖုန်းကိုဟိုပွတ်ဒီပွတ်လုပ်နေရာကနေ ရုတ်တရက်‌ထအော်တယ်။

ခုနကလေးတင်မှာ ဂျယ်နိုဒီလိုဖြစ်သွားရတာ သူ့ကြောင့်ဆိုပြီးတရှုံ့ရှုံ့ငိုထားတာကြောင့် ပါးပေါ်က မျက်ရည်စီးကြောင်းတွေတောင် မခမ်းခြောက်သေး။ ဂျယ်နိုတောထဲဝင်သွားပြီး ဆယ်မိနစ်လောက်အကြာမှာ ဟယ်ချန်းကပြန်ထွက်လာခဲ့တာ။ ဂျယ်နိုဝင်သွားတဲ့လမ်းကပဲ ပြန်ထွက်လာခဲ့တဲ့ဟယ်ချန်းက ဂျယ်နိုကိုတော့မတွေ့ခဲ့ဘူး။ သွားတဲ့လမ်းခြင်းတူကြပေမယ့် ဟယ်ချန်းကပြန်ထွက်လာနိုင်ခဲ့ပြီး ဂျယ်နိုကတော့အစအနပျောက်သွားခဲ့တယ်။

ဂျယ်နိုပျောက်နေတာ ငါးရက်တိတိရှိပြီ။ ဟယ်ချန်းက နေ့တိုင်းဂျယ်နိုပျောက်သွားရတာ သူ့ကြောင့်ဆိုပြီးငိုနေတာကြောင့် ဟယ်ချန်းကိုမငိုအောင်ချော့ရတဲ့အလုပ်တစ်လုပ်ပါ မင်ဟျောင်းမှာပိုလာခဲ့သည်။ ကယ်ဆယ်ရေးတွေခေါ်ပြီး ပိုက်စိပ်တိုက်လိုက်ရှာပေမယ့် ထူးဆန်းစွာပင် ဂျယ်နိုရဲ့အရိပ်အယောင်ကို‌တောင် မမြင်ရခဲ့ချေ။

ဒါပေမယ့်လည်း မင်ဟျောင်းတို့က လက်မလျှော့ပဲ တောအစပ်နားမှာတင် ရွက်ဖျင်တဲတွေထိုးပြီး နေ့တိုင်းတောထဲကိုဝင်ရှာခဲ့တယ်။ အခုလည်း ညနေစောင်းဖြစ်တာကြောင့် ရှာဖွေရေးတွေကို ရပ်စဲလိုက်ပြီး တောစပ်နားကရွက်ဖျင်တဲတွေဆီကိုပြန်လာခဲ့တာဖြစ်တယ်။

" ဟိုးရှေးရှေးတုန်းက ဒေသခံတွေရဲ့အဆိုအရ မသေမျိုးတွေက စုန်းတွေပဲရှိခဲ့တာမဟုတ်ပဲ အခြားအမည်ဖော်မရတဲ့ သတ္တဝါတွေပါ လူတွေကြားထဲမှာ ရောနှောနေထိုင်နေခဲ့ကြတာတဲ့ "

ကားသမားဦးလေးကြီးက ဟိုးအရင်တုန်းက စုန်းတွေကျက်စားခဲ့တဲ့ ဂေါ့ဂျာဝယ်အကြောင်းကို အပေါ်ယံပြောပြခဲ့တယ်။ သမိုင်းသုတေသီမျိုးရိုးဖြစ်တဲ့ဟယ်ချန်းက အဲ့အချိန်ကစပြီး ဂေါ့ဂျာဝယ်နဲ့ပတ်သက်သမျှအကြောင်းအရာတွေအကုန်လုံးကို မြေလှန်ရှာတော့တာပဲ။ အဲ့ကနေတစ်ဆင့် ဆက်စပ်ပြီး ဂျီယာမြို့ရဲ့အကြောင်းကိုပါသိလာခဲ့ရတယ်။ တောအုပ်တွေဝိုင်းရံထားတဲ့ မြို့ငယ်လေးတစ်မြို့လေးဖြစ်သော်လည်း ကြက်သီးထစရာအငွေ့အသက်တွေဖုံးလွှမ်းနေခဲ့တဲ့ ဂျီယာက ဟယ်ချန်းရဲ့ စူးစမ်းလေ့လာရေးမှာ ပထမဦးစားပေးအဆင့်ဖြစ်သွားခဲ့တယ်။

Untold FairytaleWhere stories live. Discover now