- 4 -

683 92 12
                                    

Unicode version

{1937}

" မဖြစ်မနေ အဲ့လိုအကျပ်ကိုင်မှ ဖြစ်မှာလား မြို့တော်ဝန် ! "

သည်းမခံနိုင်တော့စွာ ချုပ်ထိန်းထားတယ့်စိတ်ကိုလွှတ်ချပြီး အော်လိုက်တော့ ဟိန်းထွက်သွားတယ့်အသံကြောင့် တံခါး‌အပေါက်ဝမှာချောင်းနားထောင်နေတယ့် မိန်းမရဲ့ အောင်နိုင်သူအပြုံးကိုမြင်ဖြစ်အောင် ‌မြင်လိုက်ရသေးသည်။

ကောက်ကျစ်တယ့် မြေခွေးလိုမိန်းမ..

" အဲ့လို သိက္ခာ‌ဆိုတာ အဖတ်ဆယ်လို့မရအောင်ဖြစ်နေတယ့် မိန်းမကို ဘာတွေကြည့်ပြီးစွဲလမ်းနေရတာလဲ မြို့တော်ဝန် ? "

မီးစနဲ့ထိုးသလို ပူခနဲဖြစ်သွားတယ့်ဦး‌ခေါင်းနဲ့အတူ ကြမ်းပြင်ပေါ်မှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားရသည့် ဝိုင်ခွက်။ နာကျင်နေတယ့်ခေါင်းကို ကိုင်ကြည့်လိုက်တော့ လက်မှာပါလာတာက ပူနွေးနေတယ့် အနီရောင်သွေးပျစ်ပျစ်တွေ။

" နောက်တစ်‌ခါ မီယွန်းကိုထိခိုက်စေမယ့် စကားတစ်ခွန်းလောက် မင်းရဲ့ပါးစပ်က ထွက်လာရဲထွက်လာကြည့်။ မင်းအမေရဲ့ အရိုးပြာလည်း ငြိမ်းငြိမ်းချမ်းချမ်းနေရမယ် မထင်နဲ့။ "

" အဖေ! " သွေးအေးစွာနဲ့ တစ်လုံးချင်းဆီပြောလာတယ့် မြို့တော်ဝန်ရဲ့စကားက သူ့အတွက်မယုံကြည်နိုင်လောက်‌အောင်ဘဲ။ အမေ့ကို မချစ်ခဲ့ဘူးဆိုတာ သိပေမယ့်လည်း အဲ့လောက်ထိလုပ်ရက်မယ်လို့တော့ မထင်ခဲ့။

" အခုလည်း မင်းကိုခွင့်တောင်းနေတာမဟုတ်ဘူး အသိပေးနေတာ။ မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ငါဆုံးဖြတ်ထားတယ့်အတိုင်းဆက်လုပ်မှာဘဲ။ "

" အစ်ကိုရယ် ကလေးကိုအရမ်းမပြောပါနဲ့။ သားကလည်း ကိုယ့်အဖေရဲ့ဒေါသကို သိရဲ့သားနဲ့။ "

ဟက်.. အချိန်ကိုက်ဘဲ။

စောစောက အခန်းဝမှာ ချောင်းကြည့်နေရာကနေ သူ့အတွက်ဂွင်‌တွေ့လည်းတွေ့ရော ချက်ချင်းအနားကိုရောက်လာတော့တာဘဲ။

" ခင်ဗျားရဲ့ ရွံစရာကောင်းတယ့်ပါးစပ်ကနေ ကျုပ်ကို သားလို့မခေါ်နဲ့ မသတီဘူး။ "

Untold FairytaleWhere stories live. Discover now