အခန်း(၂)

3.8K 355 25
                                    

zawgyi
*********

ရွာလူကြီးရဲ့ခိုင်းစေချက်​နှင့်အတူ
သာလှနဲ့ဇင်မာလည်း..မနက်စောစောပင် ကျောင်းဆရာလေးကိုကြိုဖို့ရန်အတွက်၊လှည်းယှဥ်တစ်စီးဖြင့် သုတ်ချေတင်ခဲ့တော့သည်။လှည်းမောင်းနေသည့် သာလှရဲ့မျက်နှာကြီးမှာတော့ ပြုံးရွှင်လို့ပေါ့။ဟုတ်သည်လေ ကိုယ်ချစ်ရသူနဲ့
နှစ်ယောက်တည်း အတူရှိနေရတဲ့အခိုက်အတန့်က..ဘယ်လောက်တောင် ပျော်ဖို့ကောင်းမလဲဆိုတာ..ချစ်ဖူးသူတိုင်းသိလိမ့်မည်ဖြစ်သည်။

အာရုဏ်ဦးလင်းကြက်တွန်ချိန်မှနေစပြီး
နှစ်ဦးသားစိတ်တူကိုယ်တူဖြင့်..ခရီးနှင်လာခဲ့တာ မနက်(၇)နာရီလဲထိုးရော..မြို့ပေါ်သို့သွားသည့် ကားလမ်းမကြီးကို ရောက်လာတော့၏။

ထို့ပြင်..အချိန်အတော်ကြာသည်အထိ မောင်းနှင်လာခဲ့ရတာကြောင့် နွားရော လူတွေပါမောဟိုက်နေကြပြီဖြစ်သည်။

"အမယ်လေး မောလိုက်တာတော်..တစ်လမ်းလုံးလဲ ဖင်တွေရင်တွေကိုအောင့်လို့...ဟဲ့ သာလှ..ငါ့ကိုလာဆွဲကူပါအုံး"

​ဇင်မာပြောလိုက်တော့ သာလှသည် လျှင်မြန်စွာပင် လက်ကမ်းပေးလာသည်။ဇင်မာလဲ သာလှကမ်းပေးလာသည့် လက်တစ်စုံအားထိန်းကိုင်းရင်း လှည်းပေါ်မှဆင်းလိုက်၏။

လှည်းပေါ်မှဆင်းပြီးတာနှင့်တစ်ပြိုင်နက် သူမ၏မျက်လုံးများက
ပတ်ဝန်းကျင်ကိုအကဲခတ်နေမိသည်။သို့သော်ထိုနေရာတွင် သူတို့နှစ်ဦးမှလွဲပြီး..မည်သူမျှရှိမနေပဲ..အရာအားလုံးက မြူမှုန်များအကြားတွင်..ငြိမ်သက်လျှက်ရှိနေသည်။

"သာလှ ကျောင်းဆရာလေး..မရောက်သေးဘူးနဲ့တူတယ်နော်"

"မရောက်သေးလို့
မတွေ့တာပေါ့ဟာ နင်ကလဲ"

သာလှက လှည်းပေါ်တွင်အသင့်ပါလာသည့် ကောက်ရိုးအိတ်ကိုဖြည်ကာ နွားများအား အစာကျွေးရန်ပြင်ရင်း ဇင်မာမေးသည်ကိုလဲ လှမ်းဖြေရသည်။

"သိပါတယ်တော် ငါက....ကျောင်းဆရာလေးစောရောက်နေရင်
စောင့်နေရမှာစိုးလို့ပြောတာပါ"

"........."

ထိုသို့ဖြင့် နှစ်ဦးသား စကားပြောရင်း ကျောင်းဆရာလေးအလာကို စောင့်နေလိုက်ကြသည်မှာ မနက်(၈)နာရီပင်ထိုးသွားချေသည်။သို့သော် အချိန်တွေသာ ကုန်လာသည် လမ်းမပေါ်တွင် လူမပြောနှင့် ခွေးတစ်ကောင် ကြောင်တစ်မြီး၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးပေး။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Wo Geschichten leben. Entdecke jetzt