အခန်း(၁၁)

2K 241 70
                                    

အခန်း(၁၁)

"သားဂုဏ် ရောက်နေတာလား"

ဒေါ်မြနှင်း မီးဖိုချောင်ထဲကထွက်အလာ ဧည့်ခန်းတွင်ထိုင်နေသော ဂုဏ့်ကို
တွေ့သောကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ် အန်တီ။ကျွန်တော်ဒီနားကို အလုပ်ကိစ္စနဲ့လာရင်း လမ်းကြုံလို့ဝင်လာခဲ့တာ"

​ဂုဏ်ပြောလိုက်တော့ ဒေါ်မြနှင်းကပြုံးကာ အနားရှိဆိုဖာခုအလွတ်တွင် ဝင်ထိုင်လိုက်သည်။

ဂုဏ်ဆိုသည်မှာ သူမ၏မျက်စိအောက်တွင် အရွယ်ရောက်လာသော ကလေးဖြစ်တာကြောင့် သားဖြစ်သူရှင်းခန့်နွယ်ထက်မပိုရင်တောင် မလိုသည့် ချစ်ခြင်းမျိုးဖြင့် ဒေါ်မြနှင်းချစ်ခင်သည်။

တစ်ချိန်က မိမိ၏အင်္ကျီစအားဆွဲကာ ရှင်းခန့်နွယ်နဲ့အပြိုင် အရုပ်ဝယ်ပေးရန် ဂျစ်တိုက်ခဲ့ ဖူးသည့် ထိုကလေးသည်
ယခုတွင်တော့ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ပန်ချီဆရာတစ်ဦးတောင် ဖြစ်လို့နေချေပြီ။

ဂုဏ့်ကိုတွေ့သည့်အခါတိုင်းလည်း တစ်နယ်တစ်ကျေး မှာ စာသွားပြနေတဲ့ သားဖြစ်သူ ကျောင်းဆရာလေးကို
ဒေါ်မြနှင်း သတိရမိသည်။
သို့သော် သူကသာ သတိရနေခြင်းဖြစ်သည်။သားလုပ်သူမှာတော့ ယခုဆိုလျှင် အမေဆီကို ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရ၊နေနိုင်လိုက်သည့်ကလေးနှယ်။

"သားဂုဏ် မေကြီးနေမကောင်းဘူးဆို။သက်သာသွားပြီလား"

"ဟုတ်ကဲ့ သက်သာသွားပါပြီ။ဒါနဲ့ အန်တီလည်း ကျန်းမာအောင်နေအုံးဗျာ။မဟုတ်ရင် ရှင်းက အန်တီ့တို့ကိုဂရုမစိုက်ဘူးလားဆိုပြီး
ကျွန်တော့်ကိုစိတ်ဆိုးနေအုံးမယ်"

သူမ၏ လက်တစ်ဖက်အားစုပ်ကိုင်ကာ ပြောနေသည့် ဂုဏ်ကြောင့် ဒေါ်မြနှင်း ပြုံးမိသည်။
သူမသိတာပေါ့ ဂုဏ်က ရှင်းခန့်နွယ်အပေါ်ဆို တစ်အားသံယောဇဥ်ရှိသည်။ထို့ကြောင့်လဲ
ရှင်းခန့်နွယ်ရဲ့စကားဆို အမိန့်တစ်ခုလိုနာခံတတ်သည်။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Where stories live. Discover now