အခန်း(၂၀)

720 29 4
                                    

unicode
*********

ရုတ်တရတ်ကြီး မျှော်လင့်မထားတဲ့ အခြေအနေဖြင့် ရင်ဆိုင်လိုက်ရတာမို့ ရှင်းခန့်နွယ်ခမျာမှာတော့ ဘုန်းကျော်၏ ရင်ခွင်ထဲမှနေပြီး မျက်လုံးအဝိုင်းသားလေးနှင့် ဖြစ်နေတော့သည်။

ဘာလဲ...အခု ဒီလူကြီး သူ့အား
တစ်ကယ်ပင်နမ်းလိုက်တာလား။
မယုံသက် ာနှင့် အနမ်းခံလိုက်ရတဲ့ နှုတ်ခမ်းဖူးလေးအား ရှင်းခန့်နွယ်လက်ဖြင့်အသာစမ်းကာ အံ့အားတကြီးနဲ့ဖြစ်‌ေနမိတယ်။တစ်ကယ်ကိုပင်
မထင်ရင်မထင်သလို ပြုမူတတ်တဲ့ ဒီလူကြီးရဲ့အပြုအမူတွေကိုတော့ဖြင့် သူသ‌ဘောမကျပါ။အမှန်ဆို သူ့အပေါ် လေးစားခြင်းမရှိရင်တောင်မှ ကျောင်းဆရာဆိုတဲ့ ဂုဏ်ပုဒ်လေးကိုတော့ လေးစားသင့်သည်
မဟုတ်ပါလား။

ဘုန်းကျော်မှာတော့
ရှင်းခန့်နွယ်ရဲ့‌ေကြာင်အနေပုံလေးကို မြင်တော့မှသာလျှင် ယခုမှ သူ့လုပ်ရပ်ကိုသတိပြုမိသွားဟန်ဖြင့်

"ဆရာလေး...ကျုပ်..ကျုပ်လေ"

"ဟင့်အင်း မပြောနဲ့"

ဘုန်းကျော်.. ရှင်းခန့်နွယ်ရဲ့ကိုယ်လုံးလေးအား ရင်ခွင်ထဲကနေလွှတ်ပေးပြီးသည်နှင့်တစ်ပြိုင်နက် တောင်းပန်ဟန်ပြုမယ်လုပ်တော့ တစ်ချိန်တည်းမှာပင် သူ့အားစိတ်ဆိုးစွာဖြင့် ဆိုလာတဲ့ ချစ်ရသူရဲ့အသံလေးက ဝမ်းနည်းသံပေါက်ကာ တိမ်ဝင်နေလေရဲ့။မကြာပါဘူး ခဏမှာ‌ေတာ့ လှပတဲ့မျက်ဝန်းအိမ်မှနေ တွဲခိုလာသော မျက်ရည်စတွေကို မြင်လိုက်ရလေတော့သည်။ဒီအခါ ဘုန်းကျော်ရင်ထဲမကောင်းဖြစ်သွားရပေမယ့်လို့ အခြေအနေရ မထူးဇာတ်ခင်းမှရမည်ဖြစ်တာကြောင့် လျင်မြန်စွာပင် ချစ်ရသူရဲ့ လက်နုနုလေးအား ဖမ်းစုပ်ကိုင်လိုက်ကာ

"ကျုပ်ကိုစိတ်မဆိုးပါနဲ့ ဆရာလေးရာ...တစ်ကယ်တော့ အမှန်တိုင်းပြောရရင်..ကျုပ်ဆရာလေးကို ချစ်နေမိ..."

"တော်ပြီ...ဆက်.မပြောပါနဲ့"

စကားပင် မဆုံးသေးပါ။ရှင်းခန့်နွယ်က သူဧ။်လက်တစ်ဖက်အား နူးညံ့စွာစုပ်ကိုင်ထားတဲ့ ဘုန်းကျော်ရဲ့လက်ချောင်းများထံမှ ခပ်မြန်မြန်ပင်ရုန်းထွက်ကာ တားဆီးလိုက်လေသည်။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Où les histoires vivent. Découvrez maintenant