အခန်း(၇)

2.3K 286 59
                                    

အခန်း(၇)

"ကဲ သားတို့သမီးတို့ အားလုံပဲ မဂ်လာပါ...ဆရာ့နာမည်ကတော့ ရှင်းခန့်နွယ်ဖြစ်ပါတယ်။ဆရာက ဒီကျောင်းကို ပြောင်းလာတဲ့ကျောင်းဆရာအသစ်"

ရှင်းခန့်နွယ်..ချိုသာစွာဖြင့်
သူ့ကိုယ်သူမိတ်ဆက်နေချိန်မှာပဲ ကလေးတစ်ယောက်က လက်ကလေးပိုက်ကာ မတ်တပ်ရပ်လာလေသည်။

"ဒါဆို ဆရာလေးက..ဆရာမနဲ့အတူ သားသားတို့ကိုစာသင်ပေးမှာပေါ့နော်"

"ဟုတ်တာပေါ့ ဆရာက
သားသားတို့ကို စာသင်ပေးဖို့ ဟိုးအဝေးကြီးကနေ ရောက်လာခဲ့တာ"

"ဟေး"

စကားဆုံးသည်နှင့် လက်ခုပ်တီးကာ
ပျော်နေကြသည့် ကလေးတွေ။

"ကဲဟုတ်ပြီ....ဒါဆိုဆရာတို့
မြန်မာစာ စသင်ကြမယ်နော်..အားလုံးပဲ စာအုပ်ထုတ်ကြပါ"

"ဟုတ်ကဲ့ပါ ဆရာလေး"

(ခဏအကြာ)

"ဆရာ ဝင်ခဲ့လို့ရမလား"

စာသင်ပြီးလို့ ခဏနားမယ်ကြံကာရှိသေး အပေါက်ဝကနေ အသံကြားတာကြောင့် လှမ်းကြည့်လိုက်တော့ မကြာသေးခင်ကမှ ပြန်ဆုံတွေ့ထားတဲ့ ရိုက်သက်ပြစ်ချင်စရာ သူငယ်ချင်းမလေး။စာမသင်ပဲ ဘာလာရှုပ်တာလဲ မသိဘူး။

"ဝင်ခဲ့လေ ဆရာမ"

ပြောလိုက်တော့
ကော့ပတ်ကော့ပတ်နဲ့ ဝင်လာသည်။

"ဘာဖြစ်လို့လဲ သက်ထား"

"ဟို .. ရုံးခန်းထဲမှာ ကလေးတစ်ယောက်
ကျောင်းအပ်ဖို့ရောက်နေလို့..အဲတာနင့်ကိုလာခေါ်တာ"

သက်ထား စကားကြောင့် ကျွန်တော် သက်ပြင်းသာချမိပါသည်။

"အော် သက်ထားရယ်။ဒါများ နင်လက်ခံပေးလိုက်ပါလား။နင်လဲ ဆရာမတစ်ယောက်ပဲဟာ"

"မရလို့ပေါ့ဟာ အုပ်ထိန်းသူက..နင်နဲ့ပဲတွေ့ပြီး.....သူ့ကလေးကို ကျောင်းအပ်ချင်တယ်တဲ့ သွားလိုက်ပါနော်။တော်ကြာသူက နင်မလာရင် ငါ့ကိုပြသနာရှာမှာ"

"သက်ထား နင့်စကားက ဘယ်လိုကြီးလဲ"

"အယ်....ဟို....ဘာမှမဟုတ်ဘူး။ကဲပါဟာ..သွားမှာဖြင့်သွားလိုက်စမ်းပါ"

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Onde histórias criam vida. Descubra agora