အခန်း(၁)

10.4K 481 30
                                    

zawgyi

**********

အထက်ဝဠာကောင်းကင်ရှိ တိမ်တိုက် များသည် အနည်းငယ်အှုံ့မှိုင်းလျှက်ရှိကာ အညိုရောင်သမ်းနေလေသည်။တစ်ချက်တစ်ချက်တွင် တောင်ဖက်အရပ်မှနေပြီး ဦးတည်ကာ တိုက်ခက်လိုက်သော မုတ်သုန်လေပြေအေးသည်
သက် မဲ့နှလုံးသား
တစ်စုံပင် ချမ်းစိမ့်သွားစေလောက်အောင် အားကောင်းလှပေ၏။

တန်ခူးမည်မှတ်၊ဖတ်စွတ်ရေတိုး၊သင်္ကြန်မိုးဟု စာဆိုရှိခဲ့သည့်အတိုင်းပင် တန်ခူးလမှစတင်ကာ.....ရွာသွန်းလိုက်သောမိုးပြေးသည်
ကဆုန်လကိုခုန်ပေါက်ကာ......နယုန်လအထိကို တစ်ဖွဲဖွဲဖြင့် စွေကောင်းနေဆဲ အချိန်ဖြစ်ပါသည်။

၂၀၁၅ခုနှစ်..နယုန်လနှစ်ရက် ကြာသပတေးနေ့။

အချိန်အားဖြင့်...ညနေဆောင်းလုနေပြီဖြစ်သော်ငြားလဲ..အင်းလျားကန်ဘောင်တစ်လျှောက်တွင်တော့..
အပန်းဖြေလမ်းလျှောက်နေကြသူများ၊လေညှင်းခံကာ ကိုယ်လက်အားကစားပြုလုပ်နေကြသူများ...နှင့် ညနေခင်းနေဝင်ဆည်းဆာအလှအပကို ရှုစားနေကြသူများဖြင့် ကန်ဘောင်ကြီးမှာတော့ သက်ဝင်လှုပ်ရှားနေဆဲပင်ဖြစ်သည်။

ထိုအချိန်......
ကန်ဘောင်နှင့်မလှမ်းမကမ်းရှိ
ကော်ဖီဆိုင်ငယ်လေး
တစ်ခုထဲတွင်တော့
ကောင်လေးနှစ်ယောက် စကားပြောနေကြဟန်တူကာ ချည်သား
အကျီလက်ရှည်အပြာနုကို ဂျင်းဘောင်ဘီဖြင့် စမတ်ကျကျ
၀တ်ဆင်ထားတဲ့ လူငယ်လေးက သူ့အရှေ့မှာထိုင်နေသော ဆံပင်ခပ်အုပ်အုပ်နှင့် ပါးဖောင်းဖောင်း ကောင်လေးရဲ့
လက်တစ်ဖက်ကို လျှင်မြန်စွာပင် ဖမ်းဆုပ်ကိုင်လိုက်ကာ

"မင်းဆုံးဖြတ် သေချာသွားပြီးလား ရှင်း"

လေညှင်းကြားကနေ ဖြတ်တိုးကာ ထွက်ပေါ်လာတဲ့....ဂုဏ်ဆိုသော
ကောင်လေးရဲ့စကားကြောင့်
သူ သောက်လက်စကော်ဖီခွက်လေးအား ခုံပေါ်သို့ လွှဲပြောင်းတင်လိုက်
မိသည်။ပြီးတာနှင့် ရုတ်ချည်းဆိုသလို..မျက်နှာအား ကန်ဘောင်ရှိရာဖက်သို့ လွှဲပြောင်းလိုက်ရင်း........

"သေချာတယ် ငါဆုံးဖြတ်ပြီးပြီ ဂုဏ်"

"အင်းလေ ...မင်းဖက်က...သေချာနေပြီဆိုတော့လဲ ငါမတားရက်တော့ပါဘူး...ဒါပေမယ့် တစ်ခုတော့ရှိတယ်နော် ရှင်း.... ဟိုရောက်ရင်တော့ ငါ့ကို အမြဲအဆက်အသွယ်လုပ်ရမယ်...အဲဒါတစ်ခုတော့ ကတိပေးနိုင်တယ်မလား"

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Onde histórias criam vida. Descubra agora