အခန်း(၁၂)

1.9K 253 69
                                    

unicode

ဝေဟင်ထက်ကချစ်ငှက်ငယ် ( ၁၂ )
(အစ်ကိုတို့ရွာ)

"ဆရာလေး"

မျှော်လင့်ချက် သဲ့သဲ့လေးဖြင့် ထပ်ခေါ်ကြည့်သော်လည်း အချည်းအနှီးသာ။

ဘုန်းကျော်သည် သူ၏ခေါ်သံအား မကြားဟန်ဆောင်ကာထွက်သွားသည့်၊ရှင်းခန့်နွယ်ရဲ့ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းကို မြတ်နိုးစွာဖြင့် မျက်တောင်မခတ်တမ်း ငေးကြည့်ရင်း ထိပ်တုံးတွင်ကျန်ရစ်ခဲ့လေသည်။

ဆရာလေးရယ် ခင်ဗျားလေးရဲ့ ဥပေက္ခာပြုမှုတွေဟာ မြူတစ်မှုန်စာလောက် ဆိုပေမယ့် ကျုပ်အပေါ်သက်ရောက်မှုမှာတော့ အဲ့မြူတစ်မှုန်စာဟာ ထုထည်ပမာဏအရမ်းကို ကြီးမားလွန်းပါတယ်ဗျာ။
ဒါကြောင့်မို့ ကျေးဇူးပြုပြီး အဲ့နည်းနဲ့တော့ ကျုပ်နှလုံးသားကို ဒဏ်မခတ်ပါနဲ့လား။
ဘာကြောင့်လဲဆိုတော့ ဆရာလေးရဲ့ ဥပေက္ခာပြုမှုတွေဟာ အသေးအဖွဲလေးပင်ဖြစ်နေပါစေ ကျုပ်ဘယ်လိုမှ ခံစားနိုင်မည်မဟုတ်လို့ပါ။

ဘုန်းကျော်ရဲ့အကြည့်တွေသည် ရှင်းခန့်နွယ် အိမ်ထဲဝင်သွားတော့မှသာ နေရာပြောင်းသွားတော့သည်။

"စိတ်မကောင်းမဖြစ်ပါနဲ့ကွာ
ဆရာလေးက မကြားလို့နေမှာပါဟ"

ရုတ်တရတ်ဆိုသလို သူရဲ့ပုခုံးကိုလှမ်းပုပ်ရင်း ​အားပေးစကားပြောလာသည့် သက်ဦးကြောင့် ဘုန်းကျော် စိတ်ဒဏ်ရာတော့ အနည်းငယ်သက်သာရသည်။ဟုတ်မှာပါလေ ဆရာလေးမကြားလို့ပဲနေမှာပါ။

အတွေးတို့ဖြင့်....ဘုန်းကျော်သည်
သူ၏ပုခုံးပေါ်မှ သက်ဦးရဲ့လက်ကို ဖယ်ချလိုက်သည်။

"ရပါတယ် ငါဘာမှမဖြစ်ဘူး"

"ဟေ့ကောင် ဘာမှမဖြစ်ဘူး​တာ ပြောတယ် မင်းရုပ်ကြီးကြည့်ရတာ ခွေးအကြီး နွားလှည်းနင်းကြိတ်ထားတဲ့အတိုင်းပဲ..တစ်စက်ကလေးမှကို ကျက်သရေမရှိဘူး"

လုပ်ပြီ ငဇောင်းဆိုတဲ့ကောင်က ပြောချလိုက်ရင်ဖြင့် တစ်လုံးတစ်ခဲပဲ။သို့ပေမယ့်လည်း ကျုပ်သူ့ကိုအပြစ်မတင်ပါဘူးဗျာ။သူပြောတာလဲမှန်နေတာပဲလေ။ကျုပ်ကလဲကျုပ် ဆရာလေးနဲ့
ပက်သက်လာရင် အသည်းမှမခိုင်ပဲကို။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Where stories live. Discover now