unicode
*********ရွာနှင့်သက်ဆိုင်သော မည်သည့်ကိစ္စမဆို စုပေါင်းကာ လုပ်ဆောင်တတ်သည်က ဝါးခမြိုင်ရွာရဲ့ အစဉ်အလာတစ်ခုဖြစ်သည်။ယခုတွင်လည်း ရွာထဲရှိ ကာလသား၊ကာလသမီးပျိုများနှင့် အသက်အရွယ်ကြီးရင့်သော
လူကြီးပိုင်းအချို့ရွာဦးဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကာ ဝါဆိုလပြည့်နေ့အတွက် လိုအပ်သည်များအား ဝိုင်းဖွဲ့ကာ လုပ်ကိုင်နေကြသည်။ကြက်သွန်လှီးသူကလှီး၊ဘူးသီးအခွံခွာသူကခွာ အိုးခွက်ပန်းကန်တွေဆေးကြောသူကဆေးကြောနှင့် အမျိုးသမီးလေးများမှာ တတ်ညီလက်ညီရှိကြသလိုပင် အမျိုးသားလေးများမှာလည်း ထင်းခွဲကြ ရေခပ်ကြ၊မဏ္ဌပ်ဆောက်ကြနှင့် အလုပ်ရှုပ်နေကြသည်။
တစ်ချို့များမှာတော့ ဘုရားကျောင်းကန်နှင့်ဇေတဝန်အတွင်း တံမြတ်စည်းလှည်းကာ ကုသိုလ်အားအညီအမျှ ခွဲယူနေကြလေသည်။တစ်ဖန် ကျောင်းရဲ့တစ်ဖက် ဇရပ်ပေါ်မှာတော့ ရွာလူကြီးအပါအဝင် လူကြီးပိုင်းတစ်ချို့ အကြမ်းဝိုင်းတည်ကာ စကားကောင်းနေကြပုံရသည်။ဘုန်းကျော်တို့အဖွဲ့မှာတော့ နှစ်စဉ်အတိုင်းပင်..ဥပုသ်များအားကျွေးမွေးရန်အတွက် မဏ္ဍပ်အား တာဝန်ယူဆောက်လုပ်နေကြသည်။သို့သော် မဏ္ဍပ်ဆောက်နေသော ဘုန်းကျော်ရဲ့မျက်နှာမှာ တတ်ကြွမှုမရှိ။အမှန်တိုင်းဝန်ခံရလျင် ဘုန်းကျော်ဆရာလေးကို အရမ်းသတိရနေသည်။ဆရာလေးရဲ့ မျက်နှာအား ရန်ဖြစ်တဲ့နေ့က သူနောက်ဆုံး မြင်ခဲ့ရသည်။အဲ့နောက်ပိုင်းမှာတော့ ဆရာလေးနဲ့သူမတွေ့ဖြစ်ခဲ့။သူ့အား ဒဏ်ရာသက်သာလားဟုပင် အကျိုးအကြောင်းလာမမေးသည့် ဆရာလေးအား မဆိုင်သော်ငြားလည်း တစ်ခါတရံ ဆွဲတွေးကာ စိတ်ဆိုးလိုက်ချင်သည်။ထို့ေကြာင့် အစာမကြေသမျှစုကာထားြပီး
အိပ်မက်တွေ လက်တွေ့ဖြစ်လာတဲ့တစ်နေ့တော့ ဟောဒီကတောသားကြီးက အချစ်ေတွနဲ့ ဒဏ်ခတ်ပစ်အုံးမယ်ဟု စိတ်ထဲတေးထားလိုက်မိသည်။ဘုန်းကျော်ရဲ့ဆန္ဒတွေ ပြင်းပြသွားလို့ထင်ပါသည်။မဏ္ဍပ်ဆောက်လုပ်ပြီး ခဏအကြာမှာတော့ ဘုန်းကျော်ရှိရာဆီသို့ သက်ထား ရောက်လာသည်။သက်ထားက ဘုန်းကျော်အနားသို့ ရောက်သည်ဆိုလျှင်ပဲ တစ်ခုခုပြောချင်နေပုံဖြင့် လက်ယက်ခေါ်တာကြောင့် ဘုန်းကျော်လည်း အနားတိုးသွားကာ သက်ထားပြောသမျှ နားထောင်နေမိသည်။
VOUS LISEZ
ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)
Roman d'amourကျောင်းဆရာနဲ့တောသား ဇာတ်လမ်းလေးပါ။ Start Date - 20.7.2021 ကြောငျးဆရာနဲ့တောသား ဇာတျလမျးလေးပါ။ Start Date - 20.7.2021