အခန်း(၁၀)
ဝါဆိုလပြောင်း မိချောင်းဖွေးဖွေး မိုးအေးအေးဆိုသလို..နယုန်လအစောပိုင်းက တဖွဲဖွဲဖြင့်စွေခဲ့သောမိုးမင်းသည်..ဝါဆိုလသို့ကူးပြောင်းသည့်အခါတွင်တော့သူမဟုတ်သည့်နှယ်..နေ့စဥ်ရက်ဆက် အားကောင်းစွာရွာနေတော့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လဲ..မြစ်ချောင်းအင်းအိုင်များတွင် ရေကိုအလုံအလောက်ရရှိကာ..တောင်သူဦးကြီးများအနေဖြင့် ဆန်အတွက်မျိုးစပါးများကို ကောင်းမွန်စွာပျိုးထောင်နိုင်ကြ၏။
အညာမိုးဆိုတာမျိုးကလဲ မရွာလျှင်တော့အရှင်း..ရွာပြီဟေ့ဆိုလျှင်လည်း တော်ရုံနဲ့မတိတ်တော့။ယခုတွင်လဲ
မနက်(၈)နာရီလောက်တည်းက ရွာလိုက်သောမိုးသည် နေ့လည်(၂)ချက်ထိုးလောက်မှသာ..စဲသွားတော့လေ၏။(ဘုန်းကျော်တို့အဖွဲ့..ထီဂလိုင်ရွာက ကြက်တိုက်ပွဲတွင် ပွဲတိုင်းလိုလို အနိုင်ရလာခြင်းကြောင့် ကိုတိုးရဲ့ထန်းတောထဲတွင် အောင်ပွဲခံနေကြခြင်းဖြစ်သည်။)
🎶 ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည် 🎶
🎶 ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ 🎶
🎶 သဒ္ဒါကပိုသည် ဆရာလေးကိုပဲ 🎶
🎶 အသည်းစွဲအောင် ချစ်မိပြီ 🎶
အနည်းငယ်အုံ့မှိုင်းနေသော မိုးကောင်းကင်ကြီးအောက်..တဖြူးဖြူးတိုက်နေသည့် အညာလေအေးအေးနဲ့အတူ ထန်းရည်လေးသောက်ကာ သီချင်းဆိုနေသည့် ဘုန်းကျော်ရဲ့အသံက...ထန်းတောတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။
"ဟေ့ကောင်ဘုန်းကျော် မင်းသီချင်းက .. အေ့..ဒီနေ့ အဲ့နားကနေတတ်ဖို့ အစီစဥ်ရောရှိရဲ့လား"
"ငါလည်း အဲ့နားပဲရတာလေကွာ။ဒါတောင်မှ မြို့ကငါ့ဦးလေးဆီအလည်သွားရင်း သူတို့အိမ်မှာခဏခဏဖွင့်နေလို့နားယဥ်သွားတာ"
"သောက်ကျိုးနဲ ..ကောင်းရော"
သက်ဦးတစ်ယောက် ဘုန်းကျော်ရဲ့အဖြေကြောင့် စိတ်ပျက်ကာ ထန်းရည်ကို အိုးလိုက်မော့သောက်လိုက်ပြီး..ပဲကြီးလှော် လေးငါးလုံးအားပါးစပ်ထဲပစ်သွင်းရင်း လေဖျင်တတ်ကာ ငြိမ်ကျသွားသည်။
YOU ARE READING
ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)
Romanceကျောင်းဆရာနဲ့တောသား ဇာတ်လမ်းလေးပါ။ Start Date - 20.7.2021 ကြောငျးဆရာနဲ့တောသား ဇာတျလမျးလေးပါ။ Start Date - 20.7.2021