အခန်း(၂၂)

1.8K 51 28
                                    

unicode
*********

"ဟိတ်"

"အမယ်လေး!! မြတ်စွာဘုရား..ဟင် သေနာ လန့်သွားတာပဲ"

ဇင်မာတစ်ယောက် မီးဖိုချောင်ထဲတွင် ကန်စွန်းရွက်ထွင်နေရင်း အနောက်မှနေ အသံမပေးဘာမပေးနှင့်ဝင်လာကာ ခါးကိုတို့ကာ စလိုက်တဲ့သူကြောင့် အထိတ်တလန့်ဖြစ်သွားရကာ လှည့်ကြည့်မိသည်။ထိုအခါ သာလှဖြစ်နေတာကြောင့် သူမလည်း စိတ်ဆိုးဆိုးနှင့် သာလှရဲ့လက်မောင်းကို ခပ်ဆတ်ဆတ်လေး ရိုက်ပုတ်ပေးလိုက်သည်။ဒါကိုပင် သကောင့်သားက အခွင့်အရေးယူကာ ဇင်မာရဲ့လက်ကလေးကို အမိအရ ဖမ်းဆုပ်ကိုင်လိုက်‌လေသည်။

"အို..ဘာလုပ်တာလဲ လွှတ်"

ဇင်မာပြောလိုက်တော့မှ သူလည်း ယောင်ယောင်နနနဲ့ ပြန်လွှတ်ပေးလိုက်ပြီး မထိခလုတ်ထိခလုတ် ပြုံးလာသည်။

"နင်နော် မီးဖိုချောင်ထဲထိ ဘာလာလုပ်တာလဲ အဘတို့မြင်သွားရင်ဘယ်လိုလုပ်မလဲ"

"မမြင်ပါဘူးဟာ ဦးလေးကသူ့အခန်းထဲမှာ အလုပ်ရှုပ်နေတာ အရီးလေးကလဲ ရွာထဲကိုထွက်သွားတာ တွေ့လိုက်တယ်"

သာလှသည်ပါးစပ်ကလဲပြောရင်း စားပွဲဝိုင်းတွင်ထိုင်လိုက်ကာ

"ငါဘာဝိုင်းကူပေးရမလဲ ဇင်မာ"

"မလိုပါဘူး ဒါတွေကငါလုပ်နေကျအလုပ်တွေ"

"သိပါတယ် ဒါပေမယ့် ကိုယ့်ချစ်သူလေးပင်ပမ်းနေတာ မကြည့်ရက်လို့ပါ"

"လဲသေလိုက်ပါလား ဘာချစ်သူလဲ"

"ဟဲဟဲ မသေသေးပါဘူး နင့်ဆီကအဖြေရပြီးမှပဲ သေတော့မယ်"

ရွှတ်နောက်နောက်နဲ့ ပြောနေတဲ့သာလှကို ဇင်မာ မျက်စောင်းလှလှလေးတစ်ချက် ထိုးလိုက်မိသည်။ဒါကို မြင်လိုက်တဲ့သာလှက ဇင်မာကို သေချာစိုက်စိုက်ကြည့်ရင်း ...

"ဇင်မာနင်သိလား...နင်ကလေ မျက်စောင်းလေးထိုးတာတောင် သိပ်လှတယ်"

အိုးသေပါပြီ..သာလှတို့ကတော့ ကြွေအောင်ပြောတတ်။ဟိုကလဲ သူပြောလိုက်တော့မှ ရှက်ရှက်နဲ့ ကန်စွန်းရွက်တွေ အညှာမချိုးပဲ ပန်ကန်းလုံးထဲ ကောက်ထည့်လို့နေမိသည်။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ