အခန်း(၁၇)

960 89 13
                                    

အခန်း(၁၇)

အချိန်အားဖြင့်ဆိုသော် ညနေ(၄)နာရီ။

"ရှင်းခန့် ဖြစ်ပါ့မလားဟယ်..ငါကြောက်တယ်"

"နင်က ဘာကိုကြောက်နေတာလဲ၊တစ်ရွာတည်း သားချင်းတွေဖြစ်ပြီး"

"ဟဲ့ နင်မသိလို့..ကိုဘုန်းကျော်က သူ့ကို ဟိုဟာမပြောနဲ့ ဒါမ​လုပ်နဲ့ဆိုပြီး အမိန့်သွားပေးရင်ကြိုက်တာမဟုတ်ဘူး"

ယခုကား..ရှင်းခန့်နွယ်နဲ့သက်ထားတို့ ကျောင်းကဆင်းပြီးပြီးချင်း အိမ်သို့ပင်တန်းမပြန်ကြသေးပဲ..ဘုန်းကျော်တို့ဝိုင်းဝရှေ့သို့ ရောက်ရှိနေကြကာ ဝိုင်းထဲကိုဝင်ရမလို မဝင်ရမလိုနဲ့ တိုင်ပတ်နေကြ၏။

လာခဲ့ရသည့် အကြောင်းအရင်းကတော့အခြားမဟုတ်ပါ။
နေ့လည်ကဖြစ်တဲ့ ကလေးချင်းရန်ပွဲတွင်..ဖိုးဝလုံးလေး
လက်ရဲဇက်ရဲနိုင်ရခြင်းက ဦးလေးဖြစ်သူ၏ သင်ကြားမှုစနက်များ ဖြစ်တာ​ကြောင့် နောင်အခါ ထိုသို့လမ်းမှားရောက်စေသည့် စကားများအား မ​သွန်သင်ရန် လာရောက်ပြောကြားခြင်းဖြစ်သည်။

ထို့အခါ..တစ်ယောက်ထဲ လာရမည်ကိုလည်း ရှင်းခန့်နွယ် အနည်းငယ်မရဲတာကြောင့် စစ်ကူခေါ်လာမိကာမှ..သူ့ထက်ပင်ကြောက်နေသည့် သက်ထားကိုကြည့်ရင်း လေပူတစ်ချက်ကိုသာ ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်မိသည်။

"ဟူး"

ပြသနာက မကြီးမားပေမယ့်
အသိပေးမှဖြစ်မယ့် ကိစ္စဖြစ်လို့..ရှင်းခန့်နွယ်လဲ စဥ်းစားမနေတော့ကာ

"လာပါသက်ထားရယ်..ဝိုင်းဝတောင်ရောက်နေပြီပဲ ဝင်သွားလိုက်ရအောင်"

ပြောမရသည်မို့ သက်ထားခမျာ..ဦးဆောင်ပြီးပဲအထဲဝင်ခဲ့လိုက်သည်။

ဘုန်းကျော်တို့ ဝိုင်းသည် ရွာလူကြီးခြံဝိုင်းလောက် မကျယ်ဝန်းသော်လဲ အတော်အသင့် ကျယ်သည်ဟု​ဆိုရမည်။

သက်ကယ်ဖြင့်မိုးထားသော်လဲ အိမ်ရဲ့အနေအထားမှာ တောင့်တင်းခိုင်မာ၏။ခြံရဲ့ ဘယ်ဖက်ခြမ်းတွင် နွားတင်းကုတ်တစ်ခု တည်ဆောက်ထားပြီး..ညာဖက်ခြမ်းတွင်တော့ ကက္ကိုပင်ကြီးတစ်ပင် ခန့်ညားစွာ ပေါက်ရောက်နေသည်။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Donde viven las historias. Descúbrelo ahora