အခန်း(၁၃)
ချက်ချင်းဆိုသလို ပိတ်သွားသော
ပြတင်းတံခါးကိုကြည့်ရင်း ဘုန်းကျော် စိတ်လွတ်ကိုယ်လွတ် ရယ်လိုက်မိတော့သည်။ရှင်းခန့်နွယ်သည်လည်း ရှက်ရှက်ဖြင့် ပြတင်းတံခါးအား ဆွဲပိတ်လိုက်သည်။ ထို့နောက် အပေါက်ဖက်သို့ ကျောပေးရပ်ကာ တွေးလိုက်မိသည်။
"အား ဒီလူငါ့ကို
ဘာတွေလာလုပ်ပြနေတာလဲ"တိုးတိတ်စွာ ရေရွတ်လိုက်ပြီးနောက် ဘုန်းကျော် လုပ်ပြသွားသည့် ပုံစံလေးအား မျက်လုံးထဲတွင် မြင်ယောင်လာမိကာ အောက်နှုတ်ခမ်းပါးလေးအား အနည်းငယ် ဖိကိုက်ထားလိုက်မိသည်။
သို့တင်မကသေးပဲ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသည့် တဘတ်လေးအား ဆွဲယူရင်း လက်ကလေးနှစ်ဖက်ဖြင့် မျက်နှာပေါ်သို့ ပြောင်းအုပ်ထားမိလိုက်ပြန်၏။
တစ်ချိန်တည်းမှာပင် ရင်ထဲတွင်လည်း အမျိုးအမည်မသိသော ခံစားချက်လေးများ ဖြစ်ပေါ်လာမိသည်။
ထိုသို့ဖြင့် အချိန်အတော်ကြာ ငြိမ်သက်နေရင်းမှ ရှက်စိတ်ပျယ်လောက်သည် ဆိုတော့မှသာ တဘတ်လေးအားမျက်နှာထက်မှ ဖယ်ရှားလိုက်သည်။ထိုအခါအတွေးတချို့က ခေါင်းထဲရောက်လာခဲ့ပြန်သည်။
"ဟင် မဟုတ်မှလွဲရော
ဧကန္တ ဒီလူငါ့ကိုစိတ်ဝင်စားနေတာလား"တွေးမိသည့် တစ်ခဏအတွင်း တစ်ဒိတ်ဒိတ်ဖြင့်ခုန်နေသော ရင်ခုန်သံများမှာ မိမိကိုယ်တိုင်ပြန်ကြား နိုင်လောက်သည်အထိ အတားအဆီးမရှိ ကျယ်လောင်လာကာ မကြာခင် ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်ခုလို ဖြစ်နေတော့သည်။
"ဟာ မဖြစ်နိုင်ပါဘူး။
ငါဘာတွေ လျှောက်တွေးနေမိတာလဲ"ဟုတ်သည်လေ။ ရင်ဘက်ကို လက်ကလေးနဲ့ပုပ်ပြီး မျက်စိလေးမှိတ်ပြရုံ လောက်နဲ့တော့ သူငါ့ကို စိတ်ဝင်စားနေပါတယ်လို့ တစ်ထစ်ချပြောလို့မှ မရဘဲ။ ပြီးတော့ ဒီလူက ဂျစ်ကန်ကန်နဲ့ မျက်နှာပြောင်တိုက်တတ်တဲ့လူမျိုးမလား။အဲဒီတော့ စနောက်နေတာလဲ ဖြစ်နိုင်တာပဲလေ။ဟုတ်တယ် စနေတာပဲဖြစ်မှာပါ။
ESTÁS LEYENDO
ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)
Romanceကျောင်းဆရာနဲ့တောသား ဇာတ်လမ်းလေးပါ။ Start Date - 20.7.2021 ကြောငျးဆရာနဲ့တောသား ဇာတျလမျးလေးပါ။ Start Date - 20.7.2021