အခန်း(၁၈)

979 72 15
                                    

zawgyi
***********

ယခုတွင်ဆရာလေးသည်..ကိုဘုန်းကျော်အား...ရန်ဖြစ်ဝိုင်းမှနေ အိမ်သို့အပါပြန်ခေါ်လာသဖြင့်...အရီးလေးခင်ရီမှာလဲ သားအလိမ္မာလေး၏မျက်နှာပေါ်က ဒဏ်ရာများအား ကြပ်ပူထိုးပေးနေခြင်းဖြစ်၏။

"အား!! ... နာတယ်အမေရ"

မျက်နှာပေါ်သို့ ကျရောက်လာသော...ကြပ်ပူထုတ်ကြောင့် ဘုန်းကျော်ငယ်သံပါအောင် အော်လိုက်မိသည်။ထိုအခါ အရီးလေးခင်ရီက မျက်နှာမဲ့ကာ

"ဘာကိုအခုမှ နာနေတာလဲ...ထိုးကြိတ်နေရတုန်းကတော့ မနာဘူးလား"

အရီးလေးရဲ့စကားကို
ဘေးတွင်..မချိတင်ကဲထိုင်ကြည့်နေတဲ့ သက်ထားကလဲ..ထောက်ခံစွာဖြင့်

"ဟုတ်ပါ့ အရီးလေးရယ်..ရန်ဖြစ်တုန်းကတော့ဖြစ်ပြီး အခုမှနာတတ်နေလိုက်တာဆိုတာ သူမဟုတ်တဲ့အတိုင်းပဲ"

သည်အခါ..အရီးလေးနဲ့သက်ထားရဲ့အပြောကို..ဘုန်းကျော်..ပြန်လည်ချေပချင်သော်ငြား..စကားလုံးတို့ကအပြင်သို့ ထွက်မလာတော့ချေ။လည်ပင်းဝတွင်သာ ပျောက်ကွယ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် သူချစ်ရတဲ့ ဆရာလေးရှိနေတာကိုး။

ဆရာလေးဆိုမှ သူအခုထိနားမလည်နိုင်သေးတာ တစ်ခုရှိသည်။ဒါကတော့ အခြားမဟုတ်။ချစ်ရသူလေးက..သူရန်ဖြစ်တဲ့နေရာကို ဘယ်လိုသိပြီး ဘယ်လိုရောက်လာခဲ့တာလဲ။အရင်စိတ်နဲ့သာဆို ဟိုခွေးကောင်ချက်ကြီးကို အပြတ်တီးလွှတ်လိုက်ချင်ပေမယ့် ဆရာလေးရောက်လာလို့သာ သည်လောက်နဲ့ပင်ပြီးခဲ့ရသည်။ဒါတောင်မပြီးချင်ပဲ ပြီးခဲ့ရတာလေ။ဘာလို့ဆို ဆရာလေးက အဲ့အတွက်ကြောင့်နဲ့သူ့ကိုယ်သူ နာကျင်အောင်လုပ်တော့မည်မဟုတ်မလား။

ဒီလိုတော့အဖြစ်မခံနိုင်ပါဘူးဗျာ။ဆရာလေး နာကျင်ရုံမပြောနဲ့ မျက်နှာလေးတစ်ချက်ညိုးသွားရင်တောင် ကျုပ်က နေတတ်တဲ့ကောင်မဟုတ်ဘူး။အဲ့လိုပဲ...ဆရာလေး သူ့ကိုယ်သူနာကျင်အောင်လုပ်ဖို့ လက်ရွယ်ထားတဲ့အချိန်မှာ ကျုပ်ရင်ထဲဘယ်လောက်တောင် စိုးထိတ်သွားရလဲဆိုတာကို မချစ်တတ်တဲ့ခင်ဗျားတို့သိအောင် အချိန်ရရင်တော့..အကျယ်တဝန်းရှင်းပြချင်ပါသေးတယ်။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Tempat cerita menjadi hidup. Temukan sekarang