အခန်း(၃)

3.1K 367 29
                                    


zawgyi

***********

ရွာထဲသို့ဝင်ခဲ့သည့် လမ်းတစ်လျှောက်တွင်တော့ လူကြီးရော ကလေးပါမကျန် ရှင်းခန့်နွယ်တို့ကိုမြင်သည်နှင့် ရှိသမျှသွားများအကုန်ပေါ်အောင် ပြုံးပြနေကြသည်။သူသာ ဓာတ်ပုံဆရာ
တစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် ထိုကဲ့သို့အေးချမ်းလှသည့် အပြုံးများအား မှတ်တမ်းတင်ထားမိမှာ အမှန်ပါပင်။

ခြံကွက်တိုင်းလိုလိုတွင် ကာရံထားသည့် စည်းရိုးများမှာ ရွာ၏ လုံခြုံရေးအားကောင်းမှုရဲ့သက်သေတစ်ခု ဖြစ်ပေလိမ့်မည်။အများစုမှာ ဓနိနှင့်သက်ကယ်ကိုသာ ဦးစားပေးဆောက်
လုပ်ထားသော အိမ်များဖြစ်ကြပြီး သွပ်မိုးထားသည့်အိမ်ဟူ၍ လေးငါးခြောက်အိမ်ခန့်သာ ရှိပေ၏။

သာလှ မောင်းသည့် လှည်းယှဥ်ကလေးသည်လည်း ရွာ၏အရှေ့ပိုင်းကို ဖြတ်ကျော်လာပြီးနောက် မှာတော့ ရွာအလယ်ပိုင်းရှိ မန်ကျည်းပင်ကြီးတည်ရှိရာ ခြံဝိုင်းကျယ်ကြီးထဲသို့ ချိုးကွေ့ဝင်လာလိုက်တော့သည်။

ခြံကြီးမှာ အတော်လေးပင်ကျယ်ဝန်းလှ၏။ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည့် ခြေတံရှည်အိမ်ကြီးသည် နှစ်ဆင့်ခံသဘောမျိုးဖြစ်ပြီး တောင့်တင်းခိုင်မာမှုမှာ အထင်းသားပင်။

"ဟော ..ဟိုမှာ သာလှတို့ ပြန်လာကြပြီဟေ့..မြို့က ကျောင်းဆရာလေးလဲ ပါလာတယ်ဟ"

အကျီအဖြူ လည်ကတုံးအား ပုဆိုးအကွက်အစိမ်းနှင့် တွဲဖက်ဝင်ဆင်ထားသည့် အသက်၅၀ ဝန်းကျင်လောက်ရှိမည့် ဦးလေးကြီးက ရှင်းခန့်နွယ်တို့ကိုမြင်တော့ အိမ်အပေါက်ဝကနေ စီး၍ကြိုသည်။ထိုလူကြီးမှာ အခြားသူတော့မဟုတ်ပေ ဝါးခမြိုင်ရွာရဲ့ ရွာလူကြီး ဦးငွေမောင်းပင်ဖြစ်သည်။

"လာ .. လာ .. ဆရာလေး ထိုင်ပါ..အကြမ်းရေ လေး အရင်သုံးဆောင်ပါအုံး"

ရွာလူကြီးက ပြောရင်း လူ၁၀ယောက်စာလောက် ထိုင်လို့ရသည့် သစ်သားစားပွဲ ခုံတန်းရှည်တွင် ရှင်းခန့်နွယ်အား နေရာချပေးလေးသည်။ထို့နောက် အကြမ်းရေ(လက်ဖက်ရည်)အား ကမ်းပေးလိုက်လေသည်။ရှင်းခန့်နွယ်လဲ ကျေးဇူးတင်စကားဆိုကာ ရွာလူကြီးကမ်းပေးလာသော အကြမ်းပန်ကန်လုံးအား အလိုက်သင့် လှမ်းယူလိုက်ပြီးနောက် တစ်ဖူးဖူးဖြင့် မှုတ်သောက်လိုက်တော့သည်။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Where stories live. Discover now