အခန်း(၁၄)
အခြားသီချင်းတွေများစွာ ရှိပါလျှက်နဲ့ သူ့နာမည်၏ နောက်ဆုံး တစ်လုံးပါနေသော အဆိုတော်စံလင်း ရဲ့
နွယ် သီချင်းကိုမှရွေးကာ....ခံစားချက်အပြည့်တို့ဖြင့် သီဆိုနေသည့် ဘုန်းကျော်ရဲ့
အသံကြောင့် ရှင်းခန့်နွယ်....အိမ်သာတက်ရာကနေ စိတ်တွေမလုံမလဲ ဖြစ်လာတော့သည်။ဆိုစရာရှားလို့ နွယ်သီချင်းမှလာဆိုရလား။ဒီလူကြီးတစ်ကယ်ကို ဘာဖြစ်ချင်နေတာလဲ။ဒါနဲ့နေပါအုံး သီချင်းထဲက နွယ်ဆိုတာက ဘယ်သူ့ကိုရည်ညွှန်းနေတာတုန်း။တိုက်ဆိုင်မှု သက်သက်လား။ဒါမှမဟုတ် ငါ့ကိုများ တမင်ရည်ရွယ်ပြီးဆိုနေတာလား။
သီချင်းပြီးဆုံးသွားသည့်တိုင်အောင် အရည်ကြည်လဲ့နေသော မျက်ဝန်းနက်လေးများ၏ ကိုယ်ရံတော် မျက်တောင်လေးနှစ်ဖက်သည် ပုတ်ခတ်လှုပ်ကစားကာဖြင့် အတွေးကမ္ဘာထဲတွင် နစ်မွန်းနေဆဲဖြစ်သည်။
မဟုတ်တာ။တမင်ရည်ရွယ်ပြီးဆိုရအောင် သူနဲ့ငါက ဘာမှပက်သက်မှုမရှိဘဲ။ဒီအတိုင်းလေး တိုက်ဆိုင်သွားရုံပဲဖြစ်မှာပါ။ရှင်းခန့်နွယ်ရယ်
မင်းဟာလေ ကိုယ့်ဖာသာကိုယ် လိုရာဆွဲတွေးပြီးတော့ ထင်ချင်ရာထင်နေတော့တာပဲ။ထို့နောက် ကိုယ့်အဖြစ်ကိုယ်တွေးကြည့်ရင်း ရှက်ဖို့ကောင်းလွန်းတာမို့
ဘာမျှဆက်မစဥ်းစားဖို့သာ ဆုံးဖြတ်လိုက်သည်။
သိပ်မကြာခင်တွင်လည်း
ဗိုက်အမှုကိစ္စက ငြိမ်းအေးသွားပြီဖြစ်တာကြောင့် စိတ်လှုပ်ရှားခြင်း အမှုကိုရပ်တန့်ရင်းသာ
အိမ်သာပေါ်ကနေ ဆင်းလာခဲ့လိုက်တော့၏။"အဆင်ပြေသွားပြီလား ဆရာလေး"
သစ်သားငုတ်တွင် ထိုင်နေရင်းကနေ သူ့ကိုမြင်တာနဲ့ ရုတ်တရတ်ထလိုက်ကာ ပြောလာတဲ့
ဘုန်းကျော်ရဲ့အမေးကို
ရှင်းခန့်နွယ် ခေါင်းညိတ်ပြလိုက်သည်။"အင်း အဆင်ပြေသွားပြီ။ကျွန်တော့်ကိုအခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အစကတည်းက ကျေးဇူးအတင်ခံချင်လို့ ကူညီခဲ့တာမဟုတ်ပေမယ့်လည်း ရှင်းခန့်နွယ်ရဲ့နှုတ်ဖျားမှ ထွက်ပေါ်လာသည့် ကျေးဇူးတင်စကားလေးမို့ ဘုန်းကျော်မြတ်နိုးတန်ဖိုးထားရပါသည်။
VOCÊ ESTÁ LENDO
ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)
Romanceကျောင်းဆရာနဲ့တောသား ဇာတ်လမ်းလေးပါ။ Start Date - 20.7.2021 ကြောငျးဆရာနဲ့တောသား ဇာတျလမျးလေးပါ။ Start Date - 20.7.2021