အခန်း(၄)

2.8K 349 38
                                    

zawgyi

***********

အဖြစ်အပျက်တွေက ြမန်ဆန်လွန်းလှသည်ဟု ထင်ရသည်။တစ်နေ့ကပင် ကိုယ်ချစ်ရသူများနှင့် အတူရှိနေခဲ့သည့် ကျွန်‌ေတာ်သည် ယနေ့မှာတော့ဖြင့် သူတို့နှင့်ဝေးရာ အရပ်ဆီသို့ ရောက်ရှိနေခဲ့လေပြီ။ထို့‌ေြကာင့် ကျွန်‌ေတာ်စဉ်းစားမိသည်က လူဘ၀သည် တိုတောင်းလှသည့်အပြင် ကံကြမ္မာသည်လည်း အလှည့်အပြောင်း ြမန်လှ‌ ပေ၏။

"ဒေါက် .. ဒေါက်"

ရှင်းခန့်နွယ် အတွေးနယ်ချဲ့နေစဉ်မှာပင် အခန်းရှေ့မှ ရုတ်တရတ်ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် သူလျင်မြန်စွာပင်ထလိုက် မိသည်။ြပီးတာနှင့်

"ဘယ်သူလဲ"

"ကျုပ်သာလှပါ .. ဆရာလေး"

"သြော် .. ကိုသာလှ..ဝင်ခဲ့လေကျွန်တော် ချက် မချထားဘူး"

ရှင်းခန့်နွယ်ပြောလိုက်တော့မှ သာလှတစ်ယောက် .. အခန်းထဲဝင်လာကာ

"အနှောင့်ယှက်ပေးသလိုများ ဖြစ်သွားလား ဆရာလေး"

"မဖြစ်ပါဘူးဗျာ..ဒါနဲ့ ကျွန်တော့်ကို ပြောစရာရှိလို့ထင်တယ်"

ရှင်းခန့်နွယ် မေးလိုက်သည်ဆိုလျှင်ပဲ

"ဟုတ်တယ်..ဦးလေးက ..ဆရာလေး ရေချိုးချင်နေမှာပဲပြောလို့ အဲတာ ကျုပ်လာမေးတာဗျ။ရေချိုးတဲ့နေရာက အိမ်နဲ့နည်းနည်း
အလှမ်းဝေးတော့ ဆရာလေး မသွာတတ်မှာစိုးလို့လေ"

ဟုတ်သားပင်..တစ်ရက်လုံး ကားစီးထားခဲ့ရတာ ရေတောင်မချိုးရသေးဘူး။ဒါ‌ေကြာင့် လူတစ်ကိုယ်လုံးမှာလည်း ညီးစိစိဖြစ်ကာ ချွေးနံများြဖင့် လှောင်ပိတ်နေတော့သည်။

"အတော်ပဲဗျ..ကျွန်တော်လည်း ရေချိုးချင်နေတာ..ခဏလေးစောင့်နော် ရေလဲဖို့ ပုဆိုးယူအုံးမယ်"

"ရတယ် ဆရာလေး အေးဆေးသာလုပ် ကျုပ်အပြင်ကစောင့်နေမယ်"

"ကိုသာလှ"

ပြောပြီးတာနဲ့ သာလှတစ်ယောက် ထွက်သွားဖို့အလုပ်တွင် နောက်ပါးဆီမှ ရှင်းခန့်နွယ်ရဲ့ခေါ်သံ‌ေြကာင့် သူလည်း...

"ဟုတ်ကဲ့ဆရာလေး .. ပြောပါ"

ယခုတွင် ရှင်းခန့်နွယ်ရဲ့စိတ်ထဲမှာ မေးချင်နေသော မေးခွန်းတစ်ခုရှိနေလေသည်။သူမေးသင့် မမေးသင့်ကိုလဲ စဥ်းစားနေမိသည်။ကိုယ်ကအခုမှ သူများအိမ်ရောက်ခါစဆိုတော့ နှိုက်နှိုက်ချွတ်ချွတ်တွေလိုက် မေးနေရင်လည်း စပ်စုရာ ကျတယ်လို့ထင်သွားမှာ ​စိုးရိမ်ရသေးသည်။သို့ပေမယ့်လည်း
သိချင်စိတ်က တားမရတာကြောင့်

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Dove le storie prendono vita. Scoprilo ora