အခန်း(၉)

2.1K 259 30
                                    

အခန်း(၉)

"လူယုတ်မာ... တဏှာရူးကြီး ကဲဟာ"

ရှင်းခန့်နွယ်လဲ..မုန်းတီးရွံရှာစွာ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဘုန်းကျော်၏ ဂွဆုံနေရာသို့ ဒူးနဲ့တိုက်ချပစ်လိုက်သည်။

"အ..အု..အား..သေပါပြီဗျ"

ရင်ခွင်ထဲမှ အတင်းရုန်းထွက်ကာ ရုတ်တစ်ရတ်ဆိုသလို ပေါင်ကြားကို ဒူးနဲ့တိုက်လိုက်သည့် ဆရာလေးကြောင့် ကျွန်တော် လောကကြီးနှင့် ခဏတာ အဆက်အသွယ်ပြတ်သွားသလို ခံစားလိုက်ရသည်။လုပ်ရက်လိုက်တာ ဆရာလေးရယ်။

"အ .. အု .. အား .. အူးဟူး
ကျုပ် .. ကျုပ်တော့ လူညွှတ်တုံးပြီထင်တယ်"

ထို့နောက် ဒူးကိုညွှတ်ကာ ခါးကိုကိုင်းကာ အံကိုကြိတ်လျက် မျက်နှာကြီးနီရဲလျက် ပေါင်ကြားကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း မြေကြီးပေါ်သို့ခွေကျသွားကာ ဘုန်းကျော် ကူကယ်ရာမဲ့ဖြစ်နေတော့သည်။

မြေပြင်ပေါ်တွင် လူးလိမ့်ရင်း ကူကယ်ရာမဲ့နေသော ဘုန်းကျော်​ပုံစံကြောင့် ရှင်းခန့်နွယ်လည်း သူ့လုပ်ရပ် လွန်သွား​မှန်း သိလိုက်ရသည်။ထို့ကြောင့် အနားသို့တိုးသွားလိုက်ကာ

"ဟေ့လူ ခင်ဗျား အဆင်ပြေရဲ့လား"

ဒဏ်ရာသက်သာဖို့ကိုသာ အားစိုက်နေရသည့်အတွက်ကြောင့် ဆရာလေးရဲ့အမေးကို သူပြန်မဖြေနိုင်။
တိုက်ချက် ဘယ်လောက်ပြင်းလဲမသိ ကျုပ်ခမျာ ကွဲသွားပြီလားလို့တောင် မှတ်ရသည်။

ဖြေကြားခြင်းမရှိဘဲငြိမ်ကျသွားသော ထိုလူကြီးကြောင့် အနည်းငယ် ထိတ်လန့်သွားရသည်။ဒါကလဲ သူ့ကိုစိုးရိမ်လို့တော့မဟုတ်..မတော်တဆ သူသေသွားရင် ကိုယ့်ကို အမှုပတ်မှာစိုးလို့သာ ဖြစ်သည်။

အတွေးတို့ဖြင့် ခေါင်းကပူထူလာကာ
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်။

"ဆရာလေး ကျုပ်အဆင်ပြေပါတယ်"

ဘုန်းကျော်ထံမှ စကားသံတိုးတိုးထွက်ပေါ်လာသည်။သို့မှသာ ရှင်းခန့်နွယ်ရဲ့ ရင်ထဲကအပူလုံးကြီးကျဆင်းသွားတော့၏။ဟူး .. ဘာမှမဖြစ်လို့ တော်သေးတာပေါ့။

ဝေဟင်ထက်ကချစ်ငှက်ငယ်(အစ်ကိုတို့ရွာ) (Ongoing)Onde histórias criam vida. Descubra agora