[Unicode]
ကိုကိုနှင့်တွေ့ရန် ချိန်းထားသော ကော်ဖီဆိုင်ရောက်သောအခါ ၉နာရီ ထိုးနေပြီ။ မိုးဆိုင်ထဲသို့ ဝင်လာသောအခါ မိုးကိုလက်ပြ နှုတ်ဆက်နေသော ကိုကို့ကိုတွေ့ရသည်။
"မိုးကို ကိုကို ပြောစရာရှိလို့ တွေ့ဖို့ ချိန်းလိုက်တာ လွမ်းတာလဲ ပါတယ်လေ မိုးဘာမှာဦးမလဲ"
"မမှာတော့ဘူး ကိုကို မိုးအိမ်က ကော်ဖီသောက်လာတယ် ကိုကိုဘာပြောမှာလဲ ပြောလေ"
"မိုးက ဘာတွေလောနေတာလဲ အခုမှ တွေ့တာကို အေးဆေးပေါ့"
"မိုး ၁၀ နာရီမှာ သင်တန်းချိန် ရှိလို့ပါ ကိုကို ဘာပြောမှာလဲ ပြောလေ"
"ကိုကို အလုပ်ခရီးထွက်ရမယ်မိုး အနည်းဆုံး ၁လလောက်တော့ကြာမယ်"
"ဘယ်ကိုသွားရမှာလဲ ကိုကို"
"နေပြည်တော်"
"ဪ ဘယ်တော့ သွားရမှာလဲ"
"Wednesday"
"ဂရုစိုက်သွားပါ ကိုကို"
"ကိုကိုသွားသာ သွားရမှာ မိုးကို လွမ်းနေရမှာ ကိုကိုမရှိတုန်း လိမ်လိမ်မာမာနေနော် ကိုကို့ကို အဆက်အသွယ် မဖြတ်နဲ့"
"အင်းပါ မိုးလဲ စာမေးပွဲတွေ ကိုကိုပြန်လာတဲအချိန်ဆို မိုး နယ်ကိုပြန်ရောက်နေလောက်ပြီ"
"မိုးက နယ်ကို ဘယ်လောက်ကြာအောင် ပြန်မှာလဲ"
"သိပ်မကြာပါဘူး ကိုကို ဒီတခေါက် နွေတို့ ၂ယောက်ကိုလဲ အိမ်ကိုအလည်ခေါ်မလို့ ပြီးတော့ နောက်လထဲမှာ မိုးစာမေးပွဲ တခုဖြေဖို့လဲ ရှိသေးတယ် ပြန်လာရမှာပဲလေ"
"ကျန်းမာရေးလဲ ဂရုစိုက်ဦးနော် အားရှိတာတွေလဲ များများစားဦး"
"အင်းပါ ကိုကို"
"လာလေ ကိုကို မိုးကို သင်တန်းကို လိုက်ပို့ပေးမယ်"
မိုးကို လိုက်ပို့ပြီး နှုတ်ဆက်အနမ်းလေးပေးကာ ကိုကိုပြန်သွားသည်။ မိုးတစုံတခုကိုသတိရသဖြင့် နွေ့ကို ph ခေါ်လိုက်သည်
"ဟယ်လိုနွေလား ကျောင်းမှာလား အိမ်မှာပဲလား"
"နွေ ကျောင်းရောက်နေပြီ မိုး ဘာလို့လဲ"
YOU ARE READING
ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုေသာ ပန္းမ်ားအေၾ💮💮💮(The Story Of Goddess )
RomanceMyanmar Normal Romance Story (Myanmar 18+ and 21+ can be read here) [Unicode X Zawgyi] [Unicode] စာရေးသူ သည် ဤဝတ္ထုတွင်အချစ်နှင့်ပတ်သက်၍ မိန်းကလေးများ၏ ခံယူချက် ရပ်တည်မှု နူးညံ့မှု တင်းမာမှု ပေါက်ကွဲမှုများကို အချိန်အတော်ကြာ လေ့လာရမိသလောက်ကို ဇာတ်လ...