[Unicode]
Monday မို့ ဆောင်း မနက်စောစော အိပ်ယာထဖြစ်သည်။ဒီနေ့ ဆောင်းချက်ပြုတ်ရမည့် အလှည့်ဖြစ်တာကြောင့်လည်း ပါသည်။ ဆောင်းရယ် နွေရယ်မိုးရယ် ၃ယောက်ပေါင်းငှားထားသည့်တိုက်ခန်းကို မိုးကတော့ နွေမိုးဆောင်းဂေဟာဟု ရယ်မောကာ နာမည်ပေးတတ်သည်။၄လွှာဖြစ်သောကြောင့် ဆောင်းတို့အတွက် အဆင်ပြေသည်။ အခန်းကန့်ထားခြင်းမရှိသော်လည်း ၃ယောက်အိပ်ရာ တခုစီနှင့် သီးသန့်နေကြသည်။ ဆောင်းတို့ ၃ယောက်က တစ်ယောက်နှင့်တစ်ယောက်ချစ်လွန်း၍သာ အတူနေကြသော်လည်း တခါတရံသီးသန့် နေချင်ကြသောသူများဖြစ်သည်။
ဆောင်းတို့ ၃ယောက်လုံး တက္ကသိုလ်တတိယနှစ်များဖြစ်ကြပြီး နွေက UFL တွင် Japan Major ယူထားပြီး အပြင်တွင်လဲ computerသင်တန်း LCCI သင်တန်း စသည့်သင်တန်းမျိုးစုံတတ်သည်။ မိုးက အဝေးသင်တတ်ရင်း Korea သင်တန်း စီးပွားရေး သင်တန်း တို့ကိုတတ်သည်။ ဆောင်းကတော့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် တခုတွင် Myanmarsar Major ယူထားပြီး English စာသင်တန်းတတ်ရောက်နေခြင်းဖြစ်သည်။ ဆောင်းတို့ ၃ယောက်လုံး ကျောင်းမပြီသေးသော်လည်း မိမိတို့ကိုယ်တိုင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရမည် ဟူ၍ ခံယူထားကြသူမျာဖြစ်သည်။
ဆောင်းတို့ထမင်းနှင့်ဟင်းကို အလှည့်ကျ ချက်ပြုတ်ကြသည်။ ဆောင်းတို့နေသည့် တိုက်ခန်းနှင့် စျေးမှာ နီးနီးလေးဖြစ်သောကြောင့် ဆောင်း အိမ်နေရင်း အဝတ်အစားနှင့်ပင် မျက်နှာသစ်ပြီး စျေးဝယ်ဆင်းလိုက်သည်။ ဆောင်း ချက်လျှင် အသားဟင်းတခွက်အရွက်ကြော်နှင့် အသုတ် တမျိုး တခါတရံ ငပိကြော် ဗလချောင်ကြော် စသည်ဖြင့် စုံစုံလင်လင်ချက်တတ်သည်။ သို့သော် ဆောင်းတို့ ၃ယောက်သည် အချက်အပြုတ်တွင် ပါရမီနည်းသည်။ ထို့ကြောင့် တစ်ယောက်ယောက်ချက်ပြုတ်ထားပြီး အဆင်မပြေလျှင် မည်သူကမှ စောဒက မတတ်ချေ။
ဆောင်း စျေးဝယ်ထွက်ပြီး ပြန်လာချိန်တွင်ရေချိုးခန်းထဲမှ ထွက်လာသောမိုးကို တွေ့ရသည်။"မိုး ဒီနေ့ စောစောစီးစီးထလို့ပါလား သွားစရာရှိလို့လား"
"ဟုတ်တယ် ဆောင်းရေ ဒီနေ့ ကိုကို့မွေးနေ့ဘုရားသွားဖို့ပြောထားလို့ပါ"
ČTEŠ
ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုေသာ ပန္းမ်ားအေၾ💮💮💮(The Story Of Goddess )
RomanceMyanmar Normal Romance Story (Myanmar 18+ and 21+ can be read here) [Unicode X Zawgyi] [Unicode] စာရေးသူ သည် ဤဝတ္ထုတွင်အချစ်နှင့်ပတ်သက်၍ မိန်းကလေးများ၏ ခံယူချက် ရပ်တည်မှု နူးညံ့မှု တင်းမာမှု ပေါက်ကွဲမှုများကို အချိန်အတော်ကြာ လေ့လာရမိသလောက်ကို ဇာတ်လ...