Chapter 27

418 9 0
                                    

[Unicode]

ဈာပန ကိစ္စအားလုံးပြီးသည်အထိ ဆောင်း အန်တီအေးနှင့် သေချာစကားမပြောဖြစ်ဘဲ ဈာပနပွဲကိုသာ ချောချောမွေ့မွေ့ပြီးရန် အားလုံး စိတ်နှစ်ထားလိုက်သည်။ ဦးလေးခင်မောင်၏ ဈာပနပွဲက သားအရင်းဖြစ်သူ အနားမှာ ရှိမနေသည်ကလွဲပြီး ပြည့်စုံပါသည်။ ရက်လည် ဆွမ်းသွပ်ပွဲအထိ ညအိပ်ပေးရန်ပြောသောကြောင့် ဆောင်း အန်တီအေးတို့အိမ်မှာပဲ ညအိပ်လိုက်သည်။ ၇ရက် အတောအတွင်း  ဆောင်း အိမ်မပြန်ဖြစ်သလို ကျောင်းကိုလဲ မသွားဖြစ်ပါ။ Sky ကနေ အလုပ်ထွက်လိုက်ပြီမို့ နောက်ဆံတင်းစရာ ဘာမှ မရှိ။

၇ရက်ပြည့်ပြီး ဆွမ်းသွပ် ဆွမ်းကျွေးပြီးတော့ အန်တီအေး၏ တူမလေးနှင့် တူလေးက အန်တီအေးနှင့် လာနေပေးမည်ဟု ပြောသည်။ ထိုညနေ ဆောင်းက ပြန်တော့မည်ဟု နှုတ်ဆက်တော့ အန်တီအေးက ဆောင်းကို ပြောစရာရှိသည်ဟုဆိုကာ အိပ်ခန်းထဲသို့ ခေါ်သွားသည်။

"သမီးလေးရယ် အန်တီတို့ကို စိတ်နာနေပြီလား"

"ဆောင်း ဘယ်သူ့ကိုမှ အပြစ်မမြင်ပါဘူး အန်တီ။ ဖြစ်ချိန်တန်လို့ ဖြစ်လာတာလို့ ဆောင်းသဘောထားပါတယ်"

"သူ့အဖေလဲ မင်းကောင်းရဲ့စိတ်နဲ့ပဲ ဆုံးရတာပါ။ အန်တီတို့တွေလဲ အဲကစပြီး မင်းကောင်းကို အဆက်အသွယ် မလုပ်ခဲ့ဘူး။ သူကတော့ ဆက်သွယ်ရှာပါတယ်"

ဆောင်း ဘာမှ မပြောဘဲ ငြိမ်ပြီး နားထောင်နေလိုက်သည်။

" ဒါပေမယ့် သမီးဦးလေးက သေတဲ့အထိ စိတ်နာသွားတာ။ မင်းကောင်းကိုလဲ သူ့ Company နဲ့ မပတ်သက်နိုင်အောင် စီစဥ်ခဲ့ပေမယ့် ဟိုမှာ အလုပ်ဆင်းရင်း တန်းလန်းဆိုတော့ အလုပ်ထုတ်ပစ်ဖို့ မလွယ်ဘူးပေါ့ သမီးရယ်။ အန်တီလဲ အခုကိစ္စက အဖေတစ်ယောက်လုံး သေတဲ့ကိစ္စကို သားလုပ်တဲ့သူတော့ သိသင့်တယ်ဆိုပြီး မင်းကောင်းကို အကြောင်းကြားလိုက်တယ်။  ၃ လကြာတဲ့ အထိ ပထမဆုံးအကြိမ် ဆက်သွယ်မိတာပါ"

ဆောင်းသည် အန်တီအေးအား ဘာမှ ပြန်မပြော။ ပြောစရာစကားလဲ မရှိပါ။ အမှန်အတိုင်း ပြောရလျှင် ဆောင်း မင်းကောင်းစံအကြောင်း ကြားချင်စိတ်လဲ မရှိပါ။ မင်းကောင်းစံနှင့် ပတ်သက်ပြီး ဆောင်း ဘာကိုမှလဲ မသိချင်ပါ။ အန်တီအေးကို အားနာ၍ ဆောင်း နားထောင်နေရသော်လည်း ဆက်ပြီး မပြောစေချင်။

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Where stories live. Discover now