[Unicode]
ဆောင်းနှင့် ph ပြောပြီး မင်းကောင်းစံ ရင်နာစွာ ပြုံးလိုက်သည်။
"ဘာမှ အထွေအထူး မရှိဘူးတဲ့လား ဆောင်းရယ်"
မင်းကောင်းစံသည် Phone Gallery မှ ဓာတ်ပုံအချို့ကို စိုက်ကြည့်နေလိုက်သည်။ ဓာတ်ပုံထဲတွင် ဆောင်းနှင့် အရပ်ရှည်ရှည် အသားဖြူဖြူ ကောင်လေးတစ်ယောက်ကို တွေ့ရသည်။ ထိုကောင်လေး၏ အကြည့်များက ဆောင်းကို ဘယ်လောက် ချစ်မြတ်နိုးသည်ကို ပုံဖော်နေသည်။ ထိုကောင်လေးကဆောင်း၏ ဘေးတွင် စာအုပ်များကို သယ်၍ ဖြစ်စေ၊ ဆောင်းအား ထီးဆောင်းပေး၍ ဖြစ်စေ ဆောင်းအားအရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်မှုများကို ဓာတ်ပုံများကို ကြည့်၍ သိနိုင်သည်။
ဆောင်းနှင့် ထိုကောင်လေး၏ ပုံများသည် သူ့ ph ထဲတွင် ယခုမှရှိနေသည်မဟုတ်။ ခန့်မှန်းခြေ ၁ရက်ခြား၁ပုံ တခါတရံ ရက်ဆက် ၁ရက်ကို ၁ပုံ ရောက်နေသည်။ ထိုကောင်လေးက ဆောင်း၏ ဘေးတွင် တချိန်လုံး နီးပါး ရှိနေတာကို သိနိုင်သည်။ သို့သော် ဆောင်းသည် သူ့အား ထိုကောင်လေး အကြောင်းကို တခါမှ မပြောဖူးပေ။
မင်းကောင်းသည် ဆောင်းကို အရမ်းချစ်သည်။ ဆောင်းကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပေ။ ဆောင်းအား လက်ထပ်ဖို့အထိ သူရည်ရွယ်ထားသည်။ ဆောင်းနှင့် သူ၏ အနာဂတ်အတွက်ကြောင့်သာ သူ ဒီမှာ အပင်ပန်းခံကာ နေနေရခြင်းဖြစ်သည်။ သူ ဒီမှာ ၃နှစ်နေပြီး မြန်မာနိုင်ငံသို့ပြန်ကာ ဆောင်းနှင့် စေ့စပ်မည်။ သူဘွဲ့ရပြီးလျှင် ဆောင်းနှင့် လက်ထပ်တာ Japan ကိုပြန်လာမည်။ သူကတော့ သူ့အစီအစဥ်နှင့်အဆင်ပြေနေသည်
မင်းကောင်းသည် ဆောင်းတစ်ယောက်တည်းသာ ရင်ထဲမှာရှိသည်။ ဆောင်း၏ ကိုယ်ကျင့်တရားနှင့် သစ္စာကို သူယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ ဒီမှာ ဘယ်ကောင်မလေးနှင့်မှ အရောတဝင်မနေပေ။
သိုသော် ဖြူက မင်းကောင်းအား ဆောင်း၏ ဖောက်ပြန်မှုကို ပြောပြတော့ မင်းကောင်းမယုံနိုင်။ ဖြူက သက်သေ အဖြစ် မင်းကောင်းအား ဓာတ်ပုံများ ပို့ပေးသည်။ မင်းကောင်းအား ထိုပုံများကို ဖြူက ပို့ပေးနေခြင်းဖြစ်သည်။ ဖြူသည်လည်း ထိုပုံများကို ဖြူ့သူငယ်ချင်း မေဆီမှ ရသည်ဟု ပြောသည်။ ဖြူက မင်းကောင်းအား ထိုကိစ္စကို ဆောင်းမသိရန် နှုတ်ပိတ်ထားသည်။ ထို့ကြောင့် မင်းကောင်းသည် ဆောင်းကို မမေးခဲ့ပါ။ ဆောင်း၏ သူမသဘောအတိုင်း ဝန်ခံတာကိုပဲ မင်းကောင်း လိုချင်သည်။ သို့သော် ဆောင်းသည် ထိုကိစ္စနှင့် ပတ်သက်၍ စကားတောင် မစပါ။ မင်းကောင်းကလည်း ဖြူနှင့် နေ့တိုင်း ph ပြောပြီးဖြစ်စေ၊ Messager မှ ဖြစ်စေ အမြဲ အဆက်အသွယ်ရသည်ကို ဆောင်းကို ပြန်မပြောဖြစ်ပေ။
YOU ARE READING
ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုေသာ ပန္းမ်ားအေၾ💮💮💮(The Story Of Goddess )
RomanceMyanmar Normal Romance Story (Myanmar 18+ and 21+ can be read here) [Unicode X Zawgyi] [Unicode] စာရေးသူ သည် ဤဝတ္ထုတွင်အချစ်နှင့်ပတ်သက်၍ မိန်းကလေးများ၏ ခံယူချက် ရပ်တည်မှု နူးညံ့မှု တင်းမာမှု ပေါက်ကွဲမှုများကို အချိန်အတော်ကြာ လေ့လာရမိသလောက်ကို ဇာတ်လ...