Chapter 24

329 8 0
                                    

[Unicode]

ထိုနေ့၏ နောက်ပိုင်းမှ စ၍ ဆောင်းသည် ဇွဲအား ရှောင်နေတော့သည်။ ဇွဲသည် အိမ်တွင် စောင့်ကာ မမရင်နှစ်နှင် စကားပြောရန် အခွင့်မသာခဲ့ပါ။ ဇွဲတို့ကျောင်းတွင် ဇွဲသည် ဘောလုံးကန်သည်။ အားကစား ရာသီချိန်ရောက်ပြီဆိုလျှင် ဇွဲဆုနိုင်ဆိုသည့် နာမည်သည် မိန်းကလေးများကြားတွင် ရေပန်းစားသည်။ ဇွဲသည် မမရင်နှစ်အား နှစ်တိုင်း ဇွဲ ဘောလုံးကစားသည်ကို လာအားပေးရန်ပြောခဲ့သော်လည်း မမရင်နှစ်သည် ဘယ်တော့မှ မလာခဲ့ပါ။ ထိုနေ့နောက်ပိုင်းမှစကာ ဇွဲသည် ဘောလုံးကန်ရန် Training ဆင်းနေရသောကြောင့် မအားမလပ်ဖြစ်နေသော်လည်း အချိန်ရတိုင်း မမရင်နှစ်ကို တွေ့ရန်ကြိုးပမ်းခဲ့သည် ။

မမရင်နှစ်ကို တွေ့ကာ ဇွဲ တောင်းပန်ချင်သည်။ မမရင်နှစ်၏ ရှေ့တွင် ဒူးထောက်ရပါစေ ဇွဲသည် မရရအောင် တောင်းပန်မည်။ သို့သော် ခက်သည်က မမရင်နှစ်ကို လုံးဝ မမြင်ရတာ ခက်သည်။

ဇွဲသည် ပုံမှန်ဆို ကျောင်းပိတ်ရက်များမှာပင် Training ဆင်းရသော်လည်း မနက်ဖြန် ပြိုင်ပွဲနေ့မို့ ယနေ့ ကျောင်းပိတ်ရက်မှာတော့ တနေကုန်နားခွင့်ရခဲ့သည်။ ဇွဲသည် မမရင်နှစ်နေသည့် တိုက်ခန်းအောက်ရှိ လက်ဖက်ရည်ဆိုင်တွင် တနေကုန် ထိုင်စောင့်နေမည်ဟု ဆုံးဖြတ်လိုက်သည်။

ဇွဲကြည့်နေစဥ် မမနွေဆင်းလာသည်ကို တွေ့ရသည်။ ဇွဲသည် မမနွေ၏ နောက်သို့ ပြေးလိုက်ခဲ့သည်။

"မမနွေ မမနွေ ဘယ်သွားမလိုလဲ"

"ဟင် ဇွဲပါလား"

"မမနွေ အချိန်ရမလားဟင်။ ကျွန် စကားလေး နည်းနည်းလောက်ပြောစရာရှိလို့ပါ"

နွေသည် ယနေ့ ရတုနှင့် ပဲခူးသို့သွားရန်စီစဥ်ထားခြင်း ဖြစ်သည်။ နွေသည် Japan သို့သွားရန် စီစဥ်ရာတွင် ၁၀ တန်းအောင်လက်မှတ်ပါ လိုသည်ဟုပြောသောကြောင့် အိမ်သို့ ပြန်ယူရမည်။ ယနေ့ခေတ်တွင် လုပ်ငန်းခွင်မှ နိုင်ငံခြားသို ထွက်ရန်ပြင်နေသော သူကို ၁၀ တန်းအောင်လက်မှတ် တောင်းသည်ကို နွေ နားမလည်နိုင်။ တခါတရံ နွေတို့သူဌေးသည် ရစ်စရာ မဟုတ်တာကို ရစ်လေ့ရှိသည်။ သို့သော် နွေလဲ ဒီတစ်ခုလေးအတွက်နှင့် အဖုအထစ်ဖြစ်မည် စိုးသောကြောင့် သွားယူရန် ဆုံးဖြတ်လိုက်သည်။ ဒီတခါ Project အောင်ပြီး Japan သွားခွင့်ရလျှင် ဟိုမှာ ကျောင်း ၁နှစ်တတ်ကာ Diploma ဘွဲ့ တစ်ခုယူရမည်။ ထိုဘွဲ့ရလျှင် ဟိုက ရုံးခွဲမှာလုပ်လုပ် ဒီက ရုံးခွဲပြန်လုပ်လုပ် ရသည်။ ထို့ကြောင့် နွေ လိုအပ်တာများကို အတိမ်းအစောင်းမရှိ ပြင်ဆင်လိုသည်။ နွေ တစ်ယောက်တည်း သွားယူရန် ဖြစ်သော်လည်း ရတုက သူ့အလုပ်ပိတ်ရက်မို့ လိုက်ပို့မည် ပြောသည်။ နွေသည် မနက်ခင်း အပြင်တွင် တခုခုစားရန် စောထွက်လာခြင်း ဖြစ်သည်။

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Where stories live. Discover now