[Unicode]
ကို့ဆီကို နောက်ဆုံးတကြိမ် ph ခေါ်ပြီး ဆောင်းသက်ပြင်းချလိုက်မိသည်။ ဆောင်းကိုကြည့်ပြီး မိုးက_
"ကိုမင်း ph မကိုင်သေးဘူးလား ဆောင်း"
"ဟုတ်တယ် မိုး ဒီနေ့တနေကုန် message လဲပြန်မပို့ဘူး ph လဲ မကိုင်ဘူး ဘာဖြစ်လို့လဲမသိဘူးဆောင်းစိတ်ပူနေပြီ"
"အလုပ်ရှုပ်နေလို့ နေမှာပေါ့ ဆောင်းရဲ့"
"ဒီနေ့က ပိတ်ရက်ကြီးလေ မိုးရဲ့"
"အဲဒါဆို ကိုမင်း အမေကို လှမ်းမေးကြည့်ပါလား"
"ဘာမှန်းမသိသေးခင် သူ့မိဘတွေကိုပါ စိတ်ပူအောင် လုပ်မိသလို ဖြစ်မှာလဲ ဆောင်း စိုးရိမ်တယ်"
"အရင်ကရော ဒီလိုဖြစ်ဖူးလား"
"အင်းတခါကတော့ overtime ဆင်းရလို့တဲ့။ ဒါပေမယ့် အဲတုန်းက ကြိုပြောတယ်"
"အဲဒါဆို အရမ်းစိတ်မပူပါနဲ့ ဆောင်းရယ်"
သူတို့ စကားပြောနေတုန်း နွေပြန်ရောက်လာသည်။
"နွေ နောက်ကျလိုက်တာ"
"ဟုတ်တယ် နွေကားပိတ်နေလို့ နွေ ရေချိုးလိုက်ဦးမယ်နော်။ ဒီမှာ ဆောင်းနဲ့ မိုးအတွက် နွေ တော့ပူကီနဲ့ ခေါက်ဆွဲအစပ်ဝယ်လာတယ် စားလိုက်ကြဦး"
"နွေကရော"
"နွေက စားခဲ့ပြီ ဒီနေ့ ကြည်က သူ့ကောင်လေးနဲ့ မိတ်ဆက်ပေးတယ်လေ။ အဲဒါ သူ့ကောင်လေးက ကြက်ကြော်ဝယ်ကျွေးတာနဲ့ စားခဲ့တာ။ ဒါနဲ့ မိုး အလုပ်လျှောက်တာ အဆင်ပြေလား"
"အင်း ပြေတယ် နွေ"
"အလုပ်ဆိုမှ သတိရတယ်။ ဆောင်းကို မေမေက သူ့ သူငယ်ချင်းရဲ့ Private School တခုမှာ Teacher လုပ်ဖို့ပြောနေတယ်။ အဲဒါက International School လေ။ ဆောင်းက အဲမှာ မြန်မာစာ သင်ပေးရမယ်တဲ့"
"ကောင်းတာပေါ့ဆောင်းရဲ့ ဆောင်းက English စာလဲ ကျွမ်းတယ်ဆိုတော့ အဆင်ပြေသားပဲ" မိုးက ဝမ်းသာအားရပြောလိုက်သည်။ နွေက_
"ဒီ ကျောင်းပိတ်တဲ့ ၂လမှာ အဆင်ပြေပေမယ့် ဆောင်းက Qualify တန်းဆက်တတ်မှာဆိုတော့ ကျောင်းဖွင့်ရင် အချိန်ရပါ့မလား"
ESTÁS LEYENDO
ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုေသာ ပန္းမ်ားအေၾ💮💮💮(The Story Of Goddess )
RomanceMyanmar Normal Romance Story (Myanmar 18+ and 21+ can be read here) [Unicode X Zawgyi] [Unicode] စာရေးသူ သည် ဤဝတ္ထုတွင်အချစ်နှင့်ပတ်သက်၍ မိန်းကလေးများ၏ ခံယူချက် ရပ်တည်မှု နူးညံ့မှု တင်းမာမှု ပေါက်ကွဲမှုများကို အချိန်အတော်ကြာ လေ့လာရမိသလောက်ကို ဇာတ်လ...