[Unicode]
အသည်းကွဲ၍ ငိုခဲ့ရသော အကျိုးဆက်က ဆောင်း အပြင်းအထန် ဖျားခြင်းဖြစ်သည်။ ဆောင်းသည် ထို ညကတည်းက ဆိုးဆိုးရွားရွား နေမကောင်းဖြစ်သွားသည်။ သို့သော် ဆောင်းသည် ကိုနှင့် ဖြူ တို့ကို Social Media များတွင်သာ မက Ph no. များကိုပါ Block ပစ်လိုက်သည်။ အရှူံးသမားတစ်ယောက်လို ဖြူ့ကို သွားပြီး အပြစ်ပြောစိတ်မရှိသလို ကို့ကို သွားပြီး ရန်တွေ့ချင်စိတ်မရှိပါ။
၂ယောက်လုံးကို စကားပြောချင်စိတ် မြင်ချင်စိတ်ကို ကုန်ခန်းသွားမိသည်။ ထို ၂ယောက်ကိုတင်မဟုတ် မည်သူ့ကိုမှ ph မပြောချင်၍ ဘယ်သူဆက်ဆက် ဆောင်းက ph မကိုင်တော့ပါ။ ဇွဲကတော့ တချိန်လုံးနီးပါ ဆောင်းကို ph ဆက်သည်။ ကို့ ဖေဖေနှင့် မေမေက ဆောင်းကို တလှည့်စီ ph ခေါ်သည်။ ထို့ကြောင့် ဆောင်း ph ကို အမြဲ silent ချထားခဲ့သည်။
ဆောင်း ဖေဖေနှင့် မေမေကို အကျိုးအကြောင်းတော့ ပြောပြဖြစ်ခဲ့သည်။ သို့သော် ဆောင်းသည် ဆောင်းဘက်က ကို့ကို လက်မခံနိုင်တော့၍ လက်မထပ်လိုကြောင်းသာ ပြောခြင်းဖြစ်သည်။ ဖေဖေနှင့် မေမေက ဆောင်းကို အတင်းအကြပ် မမေးခဲ့ပါ။ ကို့ဆီကနေ အားလုံး သိနေသည်လဲ ဖြစ်နိုင်သည်။ ဆောင်းတို့၏ စေ့စပ်ပွဲ ပျက်ခဲ့သော်လည်း ဖေဖေသည် အန်တီအေးတို့နှင့် ရင်းနှီးနေပြီဖြစ်သော ကြောင့် ကို့ဖေဖေ၏ ကျန်းမာရေးကို ဂရုစိုက်မြဲပင် ဖြစ်သည်။ ထို့ကြောင့် အခြေအနေများသည် ဆောင်းနှင့်ကို၏ ဆက်ဆံရေးကသာ ပျက်ဆီးသွားခဲ့ပြီး ကျန်သည့် အခြေအနေများက ပုံမှန်အတိုင်းပင် လည်ပတ်နေဆဲဖြစ်နေသည်။
ဆောင်းကတော့ အပြင်းအထန် ဖျားနေသောကြောင့် ဖေဖေကိုယ်တိုင် ဆေးလာကုပေးသည်။ ဆောင်းသည် ကျောင်းကိုလဲ မသွားနိုင်သလို Sky Private School သို့လဲ ဆောင်းကိုယ်တိုင် ph ဆက်ကာ ခွင့်တိုင်ခဲ့သည်။ မိုးနှင့် နွေတို့သည်လည်း အလုပ်မအားသည့်ကြားက ခွင့်ယူကာ ပြုစုပေးနေကြသည်။
"မိုးနဲ့ နွေကိုလဲ ဆောင်းအားနာလှပါပြီ။ ဒီနေ့တော့ ဆောင်း သက်သာနေပြီမို့ မနက်ဖြန် ၂ယောက်လုံး အလုပ်ပြန်ဆင်းကြတော့နော်"
မိုးက Ukelele လေးကို ကြိုးညှိ့ရင်း_
"အားနာစရာမလိုပါဘူး ဆောင်းရယ်။ မိုးတို့က မိသားစုတွေပဲဟာ။ နေမကောင်းဖြစ်နေချိန်မှာ မိသားစုကပဲ အနားမှာ ရှိနေပေးရမှာမဟုတ်လား"
YOU ARE READING
ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုေသာ ပန္းမ်ားအေၾ💮💮💮(The Story Of Goddess )
RomanceMyanmar Normal Romance Story (Myanmar 18+ and 21+ can be read here) [Unicode X Zawgyi] [Unicode] စာရေးသူ သည် ဤဝတ္ထုတွင်အချစ်နှင့်ပတ်သက်၍ မိန်းကလေးများ၏ ခံယူချက် ရပ်တည်မှု နူးညံ့မှု တင်းမာမှု ပေါက်ကွဲမှုများကို အချိန်အတော်ကြာ လေ့လာရမိသလောက်ကို ဇာတ်လ...