Chapter 30

566 8 3
                                    

[Unicode]

ဈာန်ရဲသည် လိုက်ကာများကိုလဲလှယ်နေရင်း  ပန်းအိုးထားရန် နေရာရှာနေသော နွေ့ကို လှမ်းကြည့်နေမိသည်။ ဈာန်သည် မမနွေ ယခုလောက်ပျော်ရွှင်နေသည့်ပုံစံကို မတွေ့ဖူးပါ။

သူကိုဆိုလျှင် အေးစက်နေသောမျက်လုံးများဖြင့် ကြည့်တတ်သော မမနွေသည်  ကိုကြီးရတုကို ကြည့်သည့် မျက်လုံးများက နွေးထွေးလွန်းနေသည်။ သူနှင့် ဆိုလျှင် တနေနေရာရာကို စိတ်ရောက်နေသည့် ပုံစံလေးနှင့် မမနွေသည် ကိုကြီးရတုကိုဆိုလျှင် အမြဲဂရုစိုက်တတ်သည်။ အခြားနေရာများတွင် အေးချမ်းငြိမ်သက်စွာ နေတတ်သော မမနွေသည် ကိုကြီးရတုတွက်ဆိုလျှင် အသေးအမွှားလေးကအစ ပျာယာခတ်နေတတ်သည်။

ဈာန်ရဲသည် မမနွေ၏ မျက်နှာ အရိပ်အကဲကို တွေ့တိုင်း စောင့်ကြည့်တတ်သောကြောင့် ကိုကြီးရတုအပေါ် မမနွေ ထားသော မေတ္တာတရားကို ဈာန့်အနေဖြင့် ခန့်မှန်းထားမိသောကြောင့် စိတ်ကို အမြဲ ပြင်ဆင်ထားသောကြောင့် ကိုကြီးရတုနှင့် မမနွေ၏ စေ့စပ်ပွဲအတွက် ဟန်မပျက်ပင် လုပ်စရာရှိသည်များကို ကူလုပ်ပေးနေသည်။ သို့သော် မမနွေ၏ အရိပ်အကဲကို တချိန်လုံး ဂရုစိုက်မိနေသည်ကတော့ အကျင့်ပါနေသောကြောင့်ပဲ ထင်ပါသည်။

"နွေ ဒီပန်းအိုးကို ဘယ်မှာတင်ထားရမလဲ"

"ဪ ထားစရာမရှိလဲ ခေါင်းပေါ်သာ တင်ထားလိုက်တော့နွေရေ။ မပြောချင်ဘူး။ အပျော်တွေ လွန်နေလိုက်တာ ရှေ့က စားပွဲလေးကိုတောင် မမြင်နိုင်တော့ဘူး"

"အပျော်လွန်နေလို့ မဟုတ်ပါဘူး ဆောင်းရယ်။ ဒီအပေါ်မှာက စားပွဲခင်း ခင်းထားတော့ နွေက တခုခု လုပ်ဖို့လို့ ထင်နေတာလေ"

ရတုက လိုက်ကာတပ်ပြီး ကုလားထိုင်ကို ရွှေ့လိုက်ရင်း_

"ဟဲ့ နင်ကလဲ ငါ့ချစ်သူလေးကိုဆိုရင် အပြစ်ပြောဖို့ပဲ သိတယ်နော်"

"အမလေးဟယ်။ အဖြစ်တွေ သည်းပြမနေပါနဲ့ ။နင်တို့ ၂ယောက် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်မှန်း သိပါတယ် ရတုရယ်"

"ဒါနဲ့ မိုးက မလာသေးဘူးလား"

"လာနေပြီ နွေရဲ့ လမ်းမှာ ကားပိတ်နေလို့တဲ့"

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Where stories live. Discover now