[Unicode]
သထုံကွင်းထဲသို့ ဇွဲတို့ မဝင်သေးဘဲ ကွင်းအပြင်တွင် လူစုံအောင် စောင့်နေကြသည်။
"ဟဲ့ ဇွဲ" ဆိုသော အသံနှင့် အတူ စိုးကို တွေ့လိုက်ရသည်။
"ဟင် စိုး ဘာလာလုပ်တာလဲ"
"ဘာလာလုပ်ရမလဲ။ ဒီနေ့ နင်တို့ကျောင်းနဲ့ ငါတို့ကျောင်း ကန်မှာလေ။ ငါလဲ လာအားပေးတာပေါ့"
"အေးပါဟာ"
"ငါက နင့်ကို အားပေးနေပါတယ်နော်"
"ဪ ကျေးဇူးပါဟာ"
"ဇွဲ ရော့ ဒီမှာ ငါနင့်အတွက် အချိုရည် ယူလာ...."
"မမရင်နှစ်"
ကေသာစိုးစိုး စကားမဆုံးခင် ဇွဲသည် ကေသာ၏ နောက်မှ လာနေသော ဆောင်းကို တွေ့လိုက်ရသောကြောင့် ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။ ကေသာလဲ နောက်ကို လှည့်ကြည့်လိုက်သည်။
"ဟင် မဆောင်း"
ကေသာသည် အလွန် အံ့သြသွားသည်။ ဇွဲက ကေသာကို ကျော်ကာ ဆောင်းဆီသို့ ပြေးသွားသည်။
"မမရင်နှစ် ကျွန်တော့်ကို လာအားပေးတာလား"
"ဪ မဟုတ်ပါဘူး။ တီချယ်က ဒီမှာကလေးတွေအတွက် အအေးဗူးတွေလာပေးခိုင်းလို့ပါ။ အားလုံအတွက်ပါတယ်။ ဝေသောက်လိုက်နော်".
မမရင်နှစ်တို့ သူငယ်ချင်းအုပ်စုများ ကိုင်လာသော အအေးဗူးများကို ရတုတို့အသင်း၏ ဘောလုံးသမားများက မျှယူလိုက်သည် ။
"ကျေးဇူးအများကြီး တင်ပါတယ်။ ဒါနဲ့ အစ်မတို့က ပြန်တော့မှာလား"
"မပြန်သေးပါဘူး မောင်လေးတို့ရယ်။ အစ်မတို့က အားပေးရဦးမယ်"
"မမရင်နှစ်"
အခြားသူများ စကားပြောနေစဥ် ဇွဲက မမရင်နှစ်ကိုပဲ လှမ်းခေါ်လိုက်သည်။ ဇွဲသည် မမရင်နှစ်အား ဆွဲထုတ်ကာ ဒီနေ့တော့မဖြစ်မနေ ရှင်းမည် ဟု တွေးကာ မမရင်နှစ်၏ လက်ကို လှမ်းဆွဲရန် ပြင်လိုက်စဥ်_
"မတွေ့တာ ကြာပြီနော် ကေ"
"ဪ ဟုတ် ဟုတ်ကဲ့ မဆောင်း"
ဇွဲသည် အလွန်အံသြသွားသည်။
"စိုးနဲ့ မမရင်နှစ်က အသိတွေလား"
YOU ARE READING
ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုေသာ ပန္းမ်ားအေၾ💮💮💮(The Story Of Goddess )
RomanceMyanmar Normal Romance Story (Myanmar 18+ and 21+ can be read here) [Unicode X Zawgyi] [Unicode] စာရေးသူ သည် ဤဝတ္ထုတွင်အချစ်နှင့်ပတ်သက်၍ မိန်းကလေးများ၏ ခံယူချက် ရပ်တည်မှု နူးညံ့မှု တင်းမာမှု ပေါက်ကွဲမှုများကို အချိန်အတော်ကြာ လေ့လာရမိသလောက်ကို ဇာတ်လ...