Chapter 21

343 10 0
                                    

[Unicode]

ဆောင်းသည် ဌာနတွင် Supervisor နှင့်တွေ့ပြီး ပြန်ထွက်လာတော့ နေ့လည် ၁ နာရီတောင်ရှိနေပြီ ဖြစ်သည်။ မနက် ၉နာရီ ချိန်းထားသော်လည်း တီချယ်က အတန်းတခုကို အစားဝင်နေရသောကြောင့် ၁၀ နာရီအထိ ဆောင်း ထိုင်စောင့်နေခဲ့ရသည်။

ဆောင်း၏ Thesis ခေါင်းစဥ်ကို အတည်ပြုပြီး တီချယ်က လိုအပ်သည့် စာအုပ်များကိုပါ ရှာပေးနေသောကြောင့် အတော်ကြာသွားခြင်းဖြစ်သည်။ ဆောင်းသည် တီချယ်ပေးသော စာအုပ်များကို ကိုင်ကာ ပြန်ထွက်လာတော့ တောင်ငူဆောင်၏ ဆင်ဝင်အောက်တိုင် ရပ်စောင့်နေသော ဇွဲကို မြင်လိုက်ရသည်။

"မမရင်နှစ်"

ဇွဲသည် မမရင်နှစ်ကို ငေးကြည့်နေမိသည်။ မတွေ့ရသည့် ရက်များအတွင်း မမရင်နှစ်သည် အတော်ပိန်သွားသည်။ မျက်နှာလေးက ဖျော့တော့လွန်းကာ မျက်ကွင်းလေးများပင် ချောင်ကျနေသည်။ ဇွဲသည် မမရင်နှစ်ဆီ ပြေးသွားပြီးမမရင်နှစ် ပိုက်ထားသော စာအုပ်များကို ယူလိုက်သည်။

"ရပါတယ် ဇွဲရဲ့။ မမသယ်နိုင်ပါတယ်"

"ပေးပါ မမရင်နှစ်ရယ်။ညဒီတိုင်းနေရင်တောင် မမရဲ့ပုံက လေတိုက်ရင် လဲတော့မလိုဖြစ်နေတာကို စာအုပ်ကြီးတွေ သယ်ထားတာ လူမြင်မကောင်းလို့ ကျွန်တော် သယ်ပေးပါရစေ"

ဆောင်းသည် ပြုံးလိုက်သည်။

"အဲဒါဆိုလဲ ကန်တင်းသွားရအောင် ဇွဲ ဘာစားချင်လဲ မမဝယ်ကျွေးမယ်"

"OK သဘောတူတယ်"

ဇွဲတို့သည် ဝိဇ္ဇာကန်တင်းသို့ သွားလိုက်သည် နေ့လည် ထမင်းစားချိန် ကျော်သွားပြီ ဖြစ်သောကြောင့် ကန်တင်းတွင် လူရှင်းနေသည်

"မမရင်နှစ် ပိန်သွားလိုက်တာ"

"မမ နေမကောင်းဖြစ်ထားလို့ပါကွယ်။ မမ အန်တီသန့်ကိုလဲ အားနာလှပါပြီ။ ကျောင်းပျက်ရက်တွေ အရမ်းများနေပြီ"

"ရပါတယ် မမရယ်။ အဲဒါတွေက ပြောစရာကိုမလိုတာ"

"ဇွဲကမမရဲ့ အတန်းကို ဝင်ပေးနေရတယ်ဆို။ ဇွဲကိုလဲ ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်တယ်ဆိုရင် နေကောင်းအောင် နေပါ မမရင်နှစ်ရယ် နော်။ ဘာလို့လဲဆိုတော့ မမရင်နှစ်ရဲ့ သမော်တီးတွေကို ကျွန်တော် မထိန်းနိုင် တော့လို့ပါ။ နားတွေလဲ တော်တော်ငြီးနေပြီ"

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Where stories live. Discover now