Chapter 8

380 10 0
                                    

[Unicode]

ဆောင်းတို့ ၃ယောက်သည် တအိမ်ထဲ အတူတူနေသော်လည်း တတ်နေသော ကျောင်းကမတူ သင်တန်းတွေ မတူကြပေ။ သို့သော် တက္ကသိုလ် ပိတ်ရက်များသို့ ရောက်သည်နှင့် သင်တန်းချိန်များသာ တတ်ရသောကြောင့် တတ်နိုင်သမျှတော့ ၃ယောက် အချိန်တူကို ယူကြသည်။ ၂လ ပိတ်ရက်အတွင်း သင်တန်းများ တတ်ရင်း အချိန်များကို ကုန်ဆုံးကြသည်။ ထူးထူးခြားခြား မရှိပေ။

ထူးခြားတာ တခုပဲရှိသည်။ ယခု ၂လပိတ်ရက်တွင် အောင်စာရင်းထွက်ခြင်းပင်ဖြစ်သည်။ ဆောင်းတို့ တက္ကသိုလ်သည် ထူးချွန်သော ကျောင်းသားများသာ တတ်ရောက်ခွင့်ရသောကြောင့် စာမေးပွဲကျသည်မှာ ရှားသည်။ သို့သော် ထိုရှားပါးသော လူအုပ်စုထဲတွင် ဖြူပါဝင်နေသည်ကတော့ ဆောင်းအတွက် ထူးခြားမှု တခုဖြစ်ခဲ့သည်။

P1 နှင့် Minor ယူထားရသော English တွင် ကျသော ဖြူသည် အောင်စာရင်းတွင် နာမည်ပါမလာပါ။ သို့သော် ဖြူသည် အခြားစာမေးပွဲကျသော ကျောင်းသားများကဲ့သို့ မငိုပါ။ အေးဆေးသော အသံဖြင့်_

"ဖြူက စာမေးပွဲ မအောင်တာ စိတ်ဓာတ်မကျပါဘူး။ ဖေဖေက ဖြူ့ကို Japan မှာ အလုပ်လုပ်သွားလုပ်ဖို့ စီစဥ်နေတယ်။ Training visa နဲ့ပဲ ဖြူသွားရမယ်။ ဟိုရောက်မှ Agency က စက်ရုံတွေနဲ့ ချိတ်ပေးမှာ ငွေတော့ တော်တော်ကုန်မှာပေမယ့် ဖြူ့မှာလဲ ရွေးချယ်စရာ မရှိဘူး ဆောင်း"

"ဘာမှ စိတ်ဓာတ်မကျပါနဲ့ ဖြူရယ်။ ဖြူပြောသလိုဆို ဒါက ကောင်းဖို့ဖြစ်လာတာပဲ မဟုတ်လား။ ဒီက ကျောင်းကိုရော ဖြူဘယ်လိုလုပ်မှာလဲ"

"အဲဒါက ဖြူ ဘွဲ့တော့ ပြန်ယူမှာပါ။ အဝေးသင်နဲ့ဖြစ်ဖြစ်ပေါ့။ ဖြူ အဲဒါတော့ မစီစဥ်ရသေးဘူး နောက်မှပေါ့"

ဖြူ့ဖေဖေက ကုန်သည် တစ်ယောက်ဖြစ်သည်။ စီးပွားရေးအကွက် အလွန်မြင်ပြီး စီးပွားရေးဆန်သူတစ်ယောက်ဖြစ်သည် ဆိုတာကို ဆောင်းကို ဖြူပြောပြဖူးသည်။

"ဘယ်တော့လောက်သွားရမလဲ"

"နောက်လထဲသွားရမယ် ဆောင်း။ ဟိုရောက်မှ ဘာသာစကားသင်ရမယ်။ ပထမတော့ ဖြူက N5 ကို ဒီမှာ တတ်ပြီးတော့ သွားမယ် စဥ်းစားထားတာ။ ဒါပေမယ့် အချိန်ဖြုန်းတာပဲဖြစ်နေမလားလို့ ဟိုမှာပဲသင်တော့မယ်"

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Where stories live. Discover now