Chapter 15

415 9 0
                                    

[Unicode]

မင်းကောင်းသည် မနက်အိပ်ရာမှ စောစောထဖြစ်သည်။ အလုပ်ပိတ်ရက်ဖြစ်သော်လည်း ဖြူ့အတွက် တခုခု ချက်ရန် စီစဥ်ဖို့ စောစောထခြင်းဖြစ်သည်။ ဖြူသည် မင်းကောင်းဆီသု့ ပိတ်ရက်တိုင်း တပတ်တခါ သို့မဟုတ် ၂ပတ် တခါ လာအိပ်လေ့ရှိသည်။ ဖြူနှင့် မင်းကောင်းတို့၏ အချစ်စခန်းသည် လူမသိ သူမသိနှင့် ခရီးရောက်နေသည်မှာ တစ်နှစ်ရှိခဲ့ပြီ။ ဖြူက သူတို့၂ဦး အချစ်နယ်ကျွန်ခဲ့သော ညကို Anniversary အဖြစ်သတ်မှတ်လိုက်သည်။ ဒီနေ့သည် သူတို့ Anniversary မို့ ဖြူသည် ဒီနေ့ သေချာပေါက် မင်းကောင်းဆီကို လာမှာပဲဖြစ်သည်။

တံခါး ဘဲလ် မြည်သံကြားရ၍ မင်းကောင်း တခါးသွားဖွင့်ပေးလိုက်သည်။ မင်းကောင်းနေသော တိုက်ခန်းသည် ဒုတိယ ထပ်တွင် ရှိပြီး မင်းကောင်းက ညာဘက်အစွန်ဆုံး အခန်းတွင် နေခြင်းဖြစ်သည်။ တစ်ထပ်လျှင် ၃ခန်းတွဲပါပြီး တခန်းစီ၏ ဘေးတွင် လှေကားတစ်ခုစီရှိသော ထောင့်ချိုးများရှိသည်။ မင်းကောင်း တံခါးကို ဖွင့်လိုက်တော့ ဖြူ့ကိုတွေ့ရသည်။ ဖြူက_

"Good Morning ကိုမင်း"

ဖြူသည် မင်းကောင်းအား တံခါးဖွင့်ဖွင့်ချင်း နှုတ်ဆက်ကာ ပြုံးပြနေသည်။ အသားအရေသည် နာမည်နှင့်လိုက်အောင် ဖြူလွန်းကာ ရယ်လိုက်လျှင် သွားထပ်ကလေးများနှင့် ချစ်စရာ ကောင်းလွန်းသော ဖြူသည် မနက်စောစောတွင် ပွင့်လန်းလာသော ပန်းပွင့်လေးပမာ ရွှင်လန်းနေသည်။ မင်းကောင်းသည် ဖြူ့နဖူးလေးအား နမ်းကာ ဖြူ့လက် ၂ဖက်ကို ကိုင်ထားပြီး_

"ဒီနေ့တော့ ကြည်ကြည်လင်လင်ပါလား ဖြူ"

"ဟင် ကိုမင်းကလဲ ဒီနေ့ ဖြူတို့ Anniversary ပဲ။ အဲဒါကြောင့် ဖြူစိတ်ကြည်နေပါတယ်ရှင်"

"ဟုတ်ပါပြီ အထဲကို ဝင်လေ ဖြူ"

ဖြူ့ကို အထဲသို့ ခေါ်လိုက်ပြီး မင်းကောင်းလဲ မီးဖိုထဲသို့ဝင်ကာ ဟင်းချိုအိုးကို သွားမွှေလိုက်သည်။ ဖြူက မင်းကောင်း၏ နောက်ကျောမှ သိုင်းဖက်လိုက်ပြီး_

"မွှေးနေတာပဲ ကိုမင်းဘာတွေ ချက်နေတာလဲ"

"ဖြူကြိုက်တဲ့ ဟင်းချိုဟင်းလေး ချက်နေတာ"

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Donde viven las historias. Descúbrelo ahora