Chapter 6

425 12 0
                                    

[Unicode]

ဆောင်းတို့စာမေးပွဲပြီသွားသော်လည်း နွေကမပြီးသေးချေ။ မိုးကတော့ စာမေးပွဲပြီးတာ ကြာပြီဖြစ်သည်။ သို့သော် နွေနှင့်ဆောင်းတို့စာမေးပွဲ မပြီးသေး၍ မိုးလဲ ph သုံးနေလိုက်သည်။ ကိုကိုက မိုးကို စိတ်ဆိုးနေသည်။ စာမေးပွဲရက်များတွင် မိုးက ကိုကို ph ခေါ်လျှင်လဲ ခဏသာပြောပြီး စကားဖြတ်မြဲပင်။ Messager တွင်လဲ အင်း အဲသာ ပြောဖြစ်သည်။ မိုး အချိန်မရ၍ ဖြစ်သည်။ မိုးက စာမေးပွဲနီးမှ ဖုတ်ပူမီးတိုက် စာလုပ်သည့် အမျိုးအစားထဲတွင် ပါသည်။ ထို့ကြောင့်စာမေးပွဲရက်တွင် စာကိုသာ စိတ်နှစ်ထားရသည်။ စိတ်နှစ်မထားလျှင်လဲ စာမေးပွဲ ကျရုံသာရှိသည်။ ထို့ကြောင့် မိုး ကိုကိုနှင့်စကားသိပ်မပြောဖြစ်ခြင်းဖြစ်သည်။ ကိုကိုက ဒေါသတွေထွက်ကာ မိုးကို အော်ဟစ်လိုက် ပြသနာရှာလိုက်နှင့် မိုးမှာ ထိုရက်များက စာမေးပွဲကြောင့်ရတဲ့ Stress အပြင် ကိုကို့ကြောင့်ရသည့် Stress ပေါင်းကာ အပြိုပြို အလဲလဲဖြစ်ခဲ့ရသည်။ ဆောင်းနှင့်နွေက ဂရုစိုက်လွန်း၍သာ မိုးခံနိုင်ရည် ရှိခြင်းဖြစ်သည်။ ထိုသို့ဖြစ်လေ ကိုကို့ကိုလမ်းခွဲရမည်ဆိုသော မိုး၏ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလေဖြစ်သည်။ မိုး ကိုကို ph ခေါ်လျှင် မကိုင်တော့။ Unknown Number တွေပါ မကိုင်ဘဲ နေလိုက်သည်။ Social Media များတွင်လဲ Block ထားလိုက်သည်။

စာမေးပွဲပြီး၍ အေးဆေးဖြစ်သွားသော်လည်း ကိုကို့ကို မဆက်သွယ်ဖြစ်ပေ။ ကိုကိုပြန်မလာသေးတာကတော့ သေချာသည်။ ပြန်ရောက်တာနှင့် မိုးဆီလာကာ ပြသနာရှာမည်ကို မိုးကြိုသိနေသည်။

ဒီနေ့တော့ နွေ စာမေးပွဲနောက်ဆုံးနေ့ဖြစ်သောကြောင့် ဆောင်းနှင့်မိုး မနက်စာ ပြင်ဆင်ပေးလိုက်သည်။ မနက်စာစားပြီး နွေထွက်ဖို့ပြင်လိုက်သည်။

"Good Luck နွေ ကျောင်းသားကဒ်တွေပါလား ဘောပင်အိတ်ရော"

"ပါတယ် မိုးရေ နွေသွားပြီနော်"

"Good Luck နွေရေ"
ရေချိုးခန်းထဲမှ အော်ပြောလိုက်သော ဆောင်းအသံကိုကြားသော်လည်း နွေပြန်မပြောဖြစ်တော့။

ဆောင်းရေချိုးပြီး အလှပြင်နေသည့်ဘေးတွင် ဝင်ထိုင်ရင်း မိုးက_

ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုသော ပန်းများအြေ💮💮💮(The Story Of Goddess )Opowieści tętniące życiem. Odkryj je teraz