Part - 1

1.5K 76 9
                                    

[ Unicode ]

Lee Jeno's POV

​လေ​ပြေ​အေး​တွေ ညင်သာစွာတိုက်ခတ်​နေတဲ့ လမ်းမထက် စက်ဘီးကို ခပ်မှန်မှန်နင်းလာခဲ့တယ်။

လမ်းလေးတစ်ခုထဲကို ​ကွေ့ဝင်လိုက်​တော့ တိုက်ပု​လေး​တွေက ကြိုဆို​နေတယ်။

အိမ်တစ်လုံး​ရှေ့မှာ စက်ဘီးရပ်လိုက်​တော့ ​မျှော်​နေသူဟာ ရှိမ​နေပြန်ဘူး။

ဒီ​ကောင်​လေး အခုထိဆင်းမလာ​သေးဘူး။

" Jeno ​လေး​တောင်ရောက်ပြီပဲ ။ Ren ​လေးဟာ​လေ သူများကိုလာ​ခေါ်ခိုင်းထားပြီး​တော့ ​စော​စောမလုပ်ဘူး။ သူ အိပ်ရာထ​နောက်ကျလို့  ..သား​ရေ "

" ရပါတယ် အန်တီ "

" ပြီးပါပြီ ​ မားရ "

စူ​​အောင့်​အောင့်နဲ့ စက်ဘီးအ​နောက်ကိုတက်လာ​လေတယ်။

" သွားပြီ မား​ရေ "

သာလိကာက အရင်လို စကားမများလို့လှည့်ကြည့်လိုက်​တော့ အစားစား​နေတာများ ပလုပ်ပ​လောင်းနဲ့။

" မနက်စာမစားခဲ့ရလို့ ။ စားဦးမလား "

" မစား​တော့ပါဘူးကွာ "

" ဘာလဲ ငါ​နောက်ကျလို့စိတ်ဆိုး​နေတာလား။ တစ်ရက်​လေး ​​နောက်ကျမိတာကိုများ "

ကျွန်​တော့်သူငယ်ချင်း​ပေါက်စက အဲ့လိုလည်းရစ်တတ်​သေးတာဗျ။

" မဟုတ်ရပါဘူးဗျာ ။ တစ်ရက်မဟုတ်ဘဲ ​နေ့တိုင်း​နောက်ကျလည်း ကျွန်​တော်မျိုး​ ခြံ​ရှေ့မှာစောင့်ပေးမှာပါခင်ဗျာ။ ​သေချာစားဦး uniform မှာ ​ပေကုန်ဦးမယ် "

" အင်းပါ မင်းသာမြန်မြန်နင်း "

​●

" ဆရာ မလာ​သေးဘူး။ ​တော်ပါ​သေးရဲ့ "

ခုန်ဆွခုန်ဆွနဲ့ အခန်းထဲအ​ပြေးဝင်သွား​တော့ တစ်တန်းလုံးက သူ့ကိုဝိုင်းနှုတ်ဆက်ကြတယ်။

Huang Renjun က social butterfly ​လေး​လေ။

အခန်းထဲမှာ​တော့ ကျွန်​တော်နဲ့သူ အတူမထိုင်ဘူး။

" အသာ​ကြည့်ပါကွာ ။ မျက်လုံးကြီးလည်း Renjun ဆီသွားကပ်​နေဦးမယ် "

Can I Call You Mine ? (Completed )Where stories live. Discover now