Lee Jeno's POV
Renjunရဲ့ လက်နှစ်ဖက်မှာ ကိုင်ထားတဲ့ ကြောင်စာထုတ်တွေဟာ ဘယ်သူ့ဖို့မှန်း သိသာနေတယ်။
" Jejeက အစားပုတ်တယ်။ ကြာရင် ငါ့မုန့်ဖိုးတွေပြောင်တော့မှာ "
ခပ်တိုးတိုးငြီးငြူနေပေမယ့် သူ့Jejeလေးကို အများကြီး ချစ်ရှာပါတယ်။
ဘယ်လောက်အထိ ချစ်သလဲလို့မေးခွန်းထုတ်လာရင်တော့ " ငါသာ Jejeလေးဖြစ်ခဲ့ရင် " ဆိုတဲ့ အတွေးစတို့ ကျွန်တော့်ဦးနှောက်ထဲ တိုးဝင်လာတဲ့ အထိလို့ အဖြေပေးရမှာပါပဲ။
" Renjun အထုပ်တွေလေးနေလား "
အလေးဆုံးပစ္စည်းထုပ်တွေကို ကူဆွဲပေးထားသည့်တိုင် လှမ်းမေးနေမိတဲ့ ကျွန်တော့်ကိုသူ ခွန်းတုံ့မပြန်ဘဲ မျက်စောင်းထိုးပြန်တယ်။
Renjun က စိတ်တိုရင် အရမ်းသိသာတာပဲ။
ဒေါသထွက်နေရင်တောင်မှ ကျွန်တော့်မျက်လုံးထဲမှာတော့ ချစ်ဖို့ကောင်းနေဆဲပေါ့။
အေးမြတဲ့ဆောင်းလေပြေရယ် ၊ ဘေးနားမှာ အတူယှဥ်တွဲလျှောက်သွားနေတဲ့သူကြောင့်ရယ်မို့လို့ဖြစ်မယ်ထင်တယ်။
စျေးထဲမှာ နာရီအတော်ကြာလောက် လှည့်ပတ်နေတာတောင် ပင်ပန်းမောဟိုက်ခြင်း တစိုးတစိမျှမရှိသေးဘူး။
သည်နေ့က Renjunအမေမွေးနေ့ဖြစ်တဲ့အတွက် ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြုတ်ပြင်ဆင်ဖို့ ကျွန်တော့်ကိုပါ စျေးထဲအတူခေါ်လာတယ်လေ။
" နောက်နာရီဝက်နေလို့ မလာရင် ငါမင်းကိုမစောင့်တော့ဘူး " တဲ့။
ဆောင်းရာသီဆို အအိပ်ကြီးတတ်တဲ့ Lee Jenoတစ်ယောက် ကမန်းကတမ်းအိပ်ရာထပြီး ပြင်ဆင်ရတဲ့အထိ Huang Renjunဘေးမှာရှိနေချင်တယ်တဲ့လေ။
" ခရမ်းချဥ်သီးကို ကောင်းတာတွေပဲထည့်ပေးနော် အန်တီ "
" ဒီကောင်လေးတော့လေ .. ငါရောင်းတာအကုန် လတ်ဆတ်တယ် "
" ဟုတ်ပါတယ် .. လတ်ဆတ်တာတွေထဲကမှ ပိုကောင်းတဲ့အလုံးတွေထည့်ပေးလို့ပြောတာပါ အန်တီကလည်း "
YOU ARE READING
Can I Call You Mine ? (Completed )